43

2.3K 244 12
                                    

For Zawgyi

(A/N အရမ်းပင်ပန်းနေပါတယ် update တွေ ကျဲပါးသွားတော့မှာပါ )

လောကမှာ ထူးဆန်းပြီး မယုံနိုင်ဖွယ်ရာကိစ္စတွေ အများကြီးရှိတယ်ဆိုတာ သော်ခန့်သိပါတယ် ..

မမြင်ရတဲ့အရာတွေကို အလေးမထားတာမျိုး မလုပ်ရဘူးဆိုတာလည်း သူသိနေပါတယ် ..

သူ့ရှေ့က လူသားကရော အမှန်တွေပြောနေတာ ဖြစ်နိုင်ပါ့မလား ...

" မယုံဘူးပဲ "

ခပ်တည်တည်နဲ့ လက်ကလေးပိုက်ပြီး ကောင်ငယ်လေးက သူ့ကိုပြောတယ် ..

" အင်း ... တခြားတစ်နေရာက သိလာတာ ဖြစ်နိုင်တာပဲလေ "

" အိုကေလေ ... သက်သေပြရတာပေါ့ "

ဟော မျက်မှန်ကို ချွတ်ပြန်ပြီ ... ဒီတစ်ခေါက်တော့ သူ့ဆံပင်တွေမစီးထားတော့ဘူး

" ဉီး ဒီနားလေး လာပေးပါလား "

" ဘာလုပ်ဖို့လဲ "

မေးသာမေးတာ ...သူကရောက်သွားနေပြီးပြီ ...

" သားလက်ကိုကိုင်ထားပေးပါလား "

" ဘာလို့ကိုင်ပေးရမှာလဲ "

" မကိုင်ပေးဘူးလား "

" ကြောက်နေလို့လား ... "

သူမေးတော့ ထိုကလေးက ရှေ့ဆံပင်လေးတွေဝဲခါအောင်ထိ ခေါင်းခါပြသည်..

" ဒါဆိုဘာလို့လဲ ... "

" အလကားရမလားလို့ "

" မင်း "

" မဆဲနဲ့နော် သားက အရမ်းယဉ်ကျေးတာ "

" ..... "

သူက ရိုင်းနေလို့လား ... ဒီကောင်လေး လုပ်လိုက်ရင် သေတော့မယ် ..  အရပ်ချင်းသာတူတာ  body ကဖြင့် သူတစ်ကိုင်ပေါက်စာတောင်ရှိတာမဟုတ်ဘူး ..

ဖြည်းဖြည်းချင်းပွင့်လာတဲ့ မျက်ဆံ ညိုညိုကြည်ကြည်လေးတွေက အရည်တွေလဲ့နေတယ် ... သိပ်ကိုချစ်ဖို့ကောင်းတာတော့အမှန်ပဲ ... အကျင့်ကတော့ ဆန့်ကျင်ဘက်....

( A/N အခန်းထဲမှာ 1. ဆေးရုံကုတင်ပေါ်လှဲနေတဲ့ စိုးခန့် 2. ခွေးပေါက်လေး ကောင်းဉီးဝေ 3. သော်ခန့် 4. AYO  လေးယောက်တောင် ရှိတာမို့ ဘေးက မြင်ရတဲ့သူအနေနဲ့ ရေးမှာပါနော် )

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora