Birthday Present For AYO

865 58 13
                                    

For Unicode

" AYO !!!!! "

ကျယ်လောင်လှတဲ့အသံကြောင့် AYO ကိုယ်လေး ဆတ်ခနဲ တုန်သွားရသည်... မဟုတ်တာ လုပ်နေတာ မဟုတ်ပေမဲ့ ဟုတ်တာလုပ်နေတာလည်း မဟုတ်တာကြောင့် လန့်သွားရတာဆိုလည်း မမှား...

" ဦး ဘယ်လိုလုပ် ဒီကို... "

တစ်ခန်းလုံးပွပလဲနေတဲ့ ပစ္စည်းတွေကို ခုန်ပျံကျော်လွှားကာ ကုတင်ပေါ်မှာ မျော့မျော့ပဲ ကျန်တော့တဲ့ သူ့ကို ဆွဲဖက်သည်...

" ဘာလို့ ... ဘာလို့ ကိုယ့်ကိုပြောမသွားရတာလဲ ... ကိုယ်ဘယ်လောက်ထိစိတ်ပူနေလဲ သိရဲ့လား ကလေးရယ် "

ကုတင်အောက်ခြေမှာ ပုံရက်လဲကျနေသူကတော့ သူတို့ဖြစ်အင်ကိုလုံးလုံးလျစ်လျူရှုလျက် .. အခန်းဝမှာတော့ ကုတင်အောက်က လူငယ်လေးရဲ့ မိသားစုဝင်များက ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိသော ပုံစံများနှင့်မတ်တပ်ရပ်နေကြသည်...

" သားကလေ ... ဦး စိတ်ပူမှာစိုးလို့ .... "

" မပြောပဲ သွားမှ ပိုစိတ်ပူမယ်ဆိုတာ မသိဘူးလား YO .... ကိုယ့်မှာ .... ကိုယ့်မှာ မင်းကိုစိတ်ပူရလွန်းလို့ သေလိမ့်မယ် "

" ဦးကလည်း ... အိမ်သားတွေရှိတယ် "

AYO က ခပ်ပြုံးပြုံးနဲ့ တိုးတိုးပြောတော့မှ သတိဝင်လာပုံရသည်...

အခန်းပတ်လည်ဝေ့ဝိုက်ကြည့်မိနေသော ကိုသော်ခန့်ဟာ အခုမှ ရှက်ရကောင်းမှန်းသိပုံပါပဲ ...

" ဒီက ညီလေးက ... "

ပြန့်ကြဲနေသော ဆိုဖာများကိုနေသားတကျပြန်ချထားပြီးဖြစ်ပြီး သူတို့အကုန် ထိုင်နေကြပြီ ... ကိုသော်ခန့်က ပျော့ခွေချင်နေတဲ့ AYO ကို ပွေ့ပေးထားတယ် ...

စောစောက ကုတင်အောက်ပြုတ်ကျနေခဲ့တဲ့ကောင်လေးကတော့ အခု ကုတင်ပေါ်ရောက်နေပြီ ဖြစ်ပြီး အားဆေးသွင်းပေးထားတာမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပေသည် ...

လွန်ခဲ့သော တစ်နာရီက သောင်းကျန်းလွန်း၍ AYO ကို ခါးနာအောင်ထိ ကိုင်ပေါက်ခဲ့သူမှ ဟုတ်ပါလေစ...

လွန်ခဲ့သော နှစ်နာရီ....

" ဒီတိုက်လား "

" ဟုတ်တယ် Angel "

သိပ္ခ်စ္လို႔ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora