17

3.2K 310 7
                                    

For Zawgi

အနီးကပ်မြင်နေရလေ စိတ်ကလှုပ်ရှားလာလေ ..

အနီးဆုံးရောက်လာတဲ့မျက်နှာကို သူကြောင်ငေးနေရင်းနဲ့ နှုတ်ခမ်းထောင့်က မုန့်စလေးကို လျှာဖျားလေးနဲ့သူယယ်ယူလိုက်တယ်...

" အစ်ကို "

သူ့နှုတ်ခမ်းနားမှာ မုန့်မရှိတော့ဘူးလေ .. ဒါကိုထပ်ကပ်လာသေးတယ်ဆိုရင်တော့ သူ့ဘက်ကလည်း အလွတ်ပေးဖို့အစီအစဉ်မရှိဘူး ..

" အစ်ကို ခဏ .. "

ဘာတစ်ခွန်းမှမပြောပဲ အိပ်မက်ယောင်နေသူလို နှုတ်ခမ်းပါးကိုပဲ စိုက်ကြည့်ပြီးတော့ ကပ်လာနေဆဲပဲ..

ဒီအခြေအနေဖြစ်အောင် တမင်ဖန်တီးယူတာသူဆိုပေမဲ့ အဖြူအမည်း သဲကွဲတဲ့relationship တစ်ခုကိုအရင်တည်ဆောက်ဖို့လိုတယ်..

သူ့ကိုလွယ်တယ်လို့ထင်သွားစေလို့မဖြစ်ဘူးလေ..

စီနီယာရဲ့ရင်ဘတ်ကိုသူတွန်းပြီးတော့ စီနီယာကိုသူမေးဖို့ပြင်လိုက်တယ် ..

" အစ်ကို ဘာ.. ဘာလုပ်မလို့လဲ "

မျက်လုံးတွေဝင့်ပြီး တစ်စုံတစ်ခုကိုလုံးဝအဖြေရှာနေတဲ့လူတစ်ယောက်လိုမျိုး ဖြစ်နေမှာအမှန်ပဲ ..

" ကိုယ် ... "

" အစ်ကို ကျနော့ကိုချစ်လား "

စကားတို့ဆွံ့အနေတဲ့ စီနီယာကို သူသွေးတိုးစမ်းသလိုမေးလိုက်တယ် ..

တွန်းထားတဲ့လက်ကလေးကို အားနည်းနည်းထည့်ထားရပြီး သူ့လက်တံတောင်က ကားဘေးကိုထောက်ထားရလို့ အနည်းငယ်တောင် နာချင်နေပြီ ..

" ကိုယ် .. "

" ချစ်လား "

ခပ်ရှရှ ခပ်အက်အက်နဲ့ ရီဝေဝေကြည့်ပြီး မေးလိုက်တဲ့သူ့ကို စီနီယာ ဘယ်လိုမှ ငြင်းနိုင်မှာ မဟုတ်ဘူး ..

ငြင်းနိုင်မယ်လို့လည်း သူမယုံဘူး .. တစ်ချိန်လုံး သူ့အနားကို ဘာအကြောင်းမှမရှိပဲ လိုက်ကပ်နေမှာမဟုတ်ဘူးလေ .. ဒါကစီနီယာသူ့ကိုကြိုက်နေလို့ပဲမဟုတ်ဘူးလား ..

" ကိုယ်မသိဘူး "

" မချစ်ရဲဘူးမလား "

သူ့ရဲ့ ရီဝေဝေအကြည့်တို့ကိုတော့ မပြောင်းပေမဲ့ မျက်လုံးကနေ မျက်ရည်တွေကတော့ ဝေ့သီလာနေပြီ ...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora