42

2.4K 232 16
                                    

For Zawgyi

သင်တန်းသားအသစ်တွေကို တစ်ခါတည်း Result ထုတ်တာမဟုတ်တဲ့အတွက် ဖြေပြီးသား သူတွေဟာ အိမ်ပြန်နိုင်ပြီဖြစ်တယ် ..

သော်ခန့်နဲ့ကိုသန့်စင်နှစ်ယောက် လူကုန်အောင်စောင့်နေကြတယ် .. ပြီးတော့  answer document တွေကို main computer ထဲကို ပို့ပြီးမှ သူတို့ဒီနေ့သင်တန်းကို ပိတ်လိုက်တယ် ...

သူဆိုင်ကယ်ကိုတက်ခွနေတုန်းပဲ ရှိသေးတယ် နောက်က အိကနဲဖြစ်သွားတယ် .. သူလှည့်ကြည့်ဖို့လုပ်နေတုန်းမှာပဲ သူ့ခါးကိုလက်တစ်စုံ ဖက်တွယ်လာတယ် ..

" ဘာလဲဟ ဘယ်သူတုန်း "

" သားပါ "

" ဘယ်ကသားတုန်း "

သော်ခန့် ခါးကလက်ကို ဖြုတ်ပြီး နောက်လှည့်ကြည့်မိတယ် ... အမှန်ဆိုနောက်ကြည့်မှန်က ကြည့်လည်း မြင်နေရတာကို...  သူဘာလို့မတွေးမိလဲမသိတော့ဘူး ...

သင်းပျံတဲ့ ဘာလီသကြားလုံးနံ့လေး ရတယ် ..

သူမျက်နှာချင်းဆိုင်မြင်နေရတာကတော့ မျက်မှန်လေးတပ်ထားတဲ့ ငယ်နုတဲ့မျက်နှာ ...

ဆံပင်လေးတွေက နဖူးပေါ်ဖြတ်ပြီး ပါးပြင်ထိ ဝေ့ကျနေတယ် .. မျက်နှာလေးက နုဖတ်နေပေမဲ့ ယောက်ျားမပီသဘူးလို့လည်း ပြောလို့မရပြန်ဘူး ...

အား သူဘာလို့အသေးစိတ်ကြည့်နေမိတာလဲ ...

အလည်ခွဲဆံပင်လေးတွေကို မဖီးမသင်ထားသလို မျက်နှာပေါ်ဝေ့ဝဲကျနေတာကိုက ချစ်ဖို့ကောင်းနေသလို ...

အား ဘာတွေလဲကွာ ...

" ဘာလို့ ငါ့ဆိုင်ကယ်ပေါ်တက်ထိုင်နေရတာတုန်း "

" အ​ကြွေးလိုက်တောင်းတာ "

" ဘာအကြွေးလဲ ငါမင်းဆီက ဘာအကြွေးမှမယူထားပါဘူး ... အခုဆင်း ငါသွားစရာရှိတယ် "

" မေ့သွားပြီလား စားပြီးနားမလည် ဝါးပြီးထွေးထုတ် မလုပ်ရဘူးနော် ဉီး "

ဘာတွေပြောနေတာလဲကွာ.... တော်ပါသေးရဲ့ ... ဆိုင်ကယ်ရပ်ထားတဲ့အနားမှာ ဘယ်သူမှရှိမနေလို့ ...

" ဘာလဲ မင်းပြောချင်တာ ငါမသိဘူး "

" မျက်မှန်အကြွေး "

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Tempat cerita menjadi hidup. Temukan sekarang