For Zawgi
" ကိုကို မင်းဒီနေ့ အပြင်သွားစရာရှိလား "
" မရှိဘူး ဘာလို့လဲ "
" ငါ့ဆိုင်ကယ် ပြင်ဆိုင်ရောက်နေတယ် အဲ့ဒါ မင်းကားယူသွားမလို့ "
" ယူ ... နိုးနိုးကို ဆိုင်ဝင်ပို့ပေးလိုက် ... "
" ဘာလို့ ငါလဲ "
" မင်း ငါ့ကားကိုယူသွားမှာလေ ငနာလေးရဲ့ "
" ပြီးရောကွာ "
သော်ခန့် ကားမမောင်းတာကြာ၍ ကားနဲ့နည်းနည်းစိမ်းနေပေသည် ...
" နိုးနိုးရေ "
သူအော်ပြီး နိုးနိုးတို့အိမ်ထဲဝင်သွားတော့ ..
" ကိုခန့် ကြာလိုက်တာ "
" ငါဟ ကိုခန့်မဟုတ်ဘူး "
" ညီခန့် လား ဆောရီး "
ပြောမနာဆိုမနာ သူငယ်ချင်းတွေမို့ နိုးနိုးခေါင်းကို သူဖွပစ်တော့ နိုးနိုးက နှုတ်ခမ်းဆူသည် ....
" ညီခန့် ငါက နင့်မရီးဖြစ်လာမှာနော် "
" ဖြစ်ခါမှ ဖြစ်လေရော့ ခုတော့ ငါကနင့်သူငယ်ချင်းပဲ "
သော်ခန့်တစ်ယောက် နိုးနိုးကိုဝင်ခေါ်ပြီး ခြံပြင်ထွက်လာတော့ နောက်ကနေ Taxi တစ်စီး လိုက်လာတာတွေ့လိုက်သည် ..
ဘာလဲ ... ဒီTaxi က ငါခြံထဲက ထွက်ကတည်းက ပါလာတာ ....
" ရောက်ပြီ မယ်မင်းကြီးမရေ ... အပြန်ဝင်ခေါ်ရဉီးမလား "
" ငါသက်သာတာပေါ့ "
" နှပ်ချေးမ .. 😅😅 "
" ညီခန့် နင် ... "
နိုးနိုးပြန်ရိုက်လာတဲ့ လက်ကို သော်ခန့် အသာအယာ ဖယ်ထုတ်လိုက်တယ် ...
" ငါသွားပြီ "
နိုးနိုးကို နှုတ်ဆက်ပြီး သူပြန်ထွက်လာသည်အထိ နောက်က Taxi လေးက ပါလာတုန်း .....
" နေပါဉီး ငါဘာမှလဲ မလုပ်ထားပါဘူး ဘာလဲဟာ "
သော်ခန့် သင်တန်းချိန်က လိုနေသေးတာမို့ ပြင်ဆိုင်ပို့ထားရတဲ့ သူ့ဖုန်းလေး ရွေးဖို့ ဖုန်းဆိုင်ကိုပဲ တန်းသွားလိုက်တယ် ...
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...