59

2.4K 191 5
                                    

For Zawgyi

ဘုန်းကြီးငါးပါးပင့်ကာ သူတို့လုပ်ချင်တာလုပ်ပြီးသွား၍ ကျေနပ်နေသော မိသားစုကို သော်ခန့်ဘာမှဝင်မပါချင်တော့...

ဒါပေမဲ့ ပြဿနာက ထိုတရားပွဲကို သော်ခန့်ရောက်နေရခြင်း .. သော်ခန့်ကို အိမ်ကို ဝင်ထွက်ခြင်းမပြုပါနဲ့ဟု တားမြစ်ထားရာကနေ ဘာစိတ်ကူးပေါက်ပြီးခေါ်သလဲတော့မသိ ...

တရားပွဲကိုခေါ်ရုံသာမက သူတို့က ပြဿနာရှာလိုက်ကြသေးသည်.. ဒါကတော့ တရားပွဲပြီး၍ ဘုန်းကြီးတွေ ပြန်ကြွသွားပြီးချိန်မှာ ထပ်ရောက်လာသော အောက်လမ်းဆရာ ..

သူတို့ကတော့ ဆရာဆရာနဲ့ခေါ်နေတာပဲ ... သော်ခန့်ကတော့တစ်စက်ကလေးမှ ကြည့်လို့မရပါလေ ..

အာ ခက်တာက သော်ခန့်မှာ အားကိုးရာလေး ပါမလာဘူး ... ပြီးတော့ ဖုန်းလည်းမပါလာဘူး ... အဲ့ဒီထက်အရေးကြီးဆုံးက အားကိုးရာလေးရဲ့ဖုန်းနံပါတ်ကို အလွတ်မရဘူး ...

" ကိုယ်မင်းကိုလိုအပ်နေပြီ AYO"

ထိုအောက်လမ်းဆရာက တစ်အိမ်လုံးက တံခါးတွေကိုအကုန်ပိတ်စေသည်... ပြီးတော့ အိမ်သားတွေအားလုံးကို စိုးခန့်၏ အိပ်ခန်းထဲသို့စုနေစေသည် ....

အိမ်သားအားလုံးကိုစုဝေးစေကာ ပြတင်းပေါက်တစ်ခုသာဖွင့်ထားစေသည်... ပြီးနောက္မှာတော့ စိုးခန့်အား အိပ်ယာပေါ်လှဲစေကာ လက်ဖဝါးကို သွေးထွက်အောင်ဓားပါးပါးဖြင့် ပြတ်ရှစေသည်...

သွေးစတို့က ကုတင်ပေါ်ကအိပ်ယာခင်းဖြူဖြူပေါ်တစ်စက်စက်ကျလို့ ..... နာကျင်လွန်း၍စိုးခန့်၏ အော်ညည်းသံက ထွက်ပေါ်လာချိန်မှာပဲ လေတစ်သုတ်က ဖျတ်ခနဲ ဝင်လာသည်.. အိမ်ရှိလူအကုန် ကြက်သီးမွှေးညှင်းများထသွားကြတာကတော့ သော်ခန့်အတိအကျသိလိုက်သည်လေ ...

ထွန်းထားသောမီးချောင်းတို့က တစ်ဖျတ်ဖျတ်နဲ့ လင်းလိုက်​မှောင်လိုက်ဖြစ်သွားပြီးနောက္မှာ လုံးဝမှောင်အတိကျသွားလေပြီ ...

" ဂျိန်း "

" အမလေး "

တံခါးပိတ်သံရဲ့နောက္မှာ ကြောက်လန့်တကြားအော်သံတို့က ကျွတ်စီကျွတ်စီထွက်လာပြီးနောက်မှာ တစ်ခန်းလုံးပြန်လင်းလာလေပြီ ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ