49

2.2K 189 6
                                    

For Zawgyi

" ဘာဖြစ်တာလဲ "

တစ်ခုခုကွဲအက်ကာကျကွဲသံ​တွေက သူတို့ရဲ့ ထွက်ကာစ ကားတွေကို Brake ဆွဲလိုက်သလိုပဲ ...

" ထွန်းထွန်း ဘာဖြစ်တာလဲ သိလား "

" မသိဘူး အစ်ကို "

သူ့နားမှာ ခွေခေါက်အိပ်နေ​သော ကောင်လေးက အိပ်မောကျနေသလိုပဲ ...

" ဆင်းကြည့်ရအောင် "

သော်ခန့်က ကားပေါ်က ဆင်းတာနဲ့ တစ်ဖက်ကားက ထွန်းထွန်းက ဆင်းချလာသည် ...

" အသံဘယ်ကကြားတာလဲ "

အနီးအနားမှာ အဆောက်အဉီးဆိုလို ဘာမှရှိတာမဟုတ် ... မီးသဂြိုဟ်စက်က ထွက်တဲ့ မီးခိုးနံ့က သိပ်ဆိုးတာမို့ လူနေအိမ်​ခြေတွေနဲ့ သိပ်ဝေးသည် ... ဒါဆို အသံက ဒီက လာတာပေါ့ ...

သော်ခန့်နဲ့ ထွန်းထွန်း နောက်ကို စိုးခန့်ပါ လိုက်လာသည် ... စိုးခန့်ကြည့်ရတာ အရင်လို ငူငူငိုင်ငိုင်မဟုတ်တော့ပေမဲ့ အနည်းငယ်တော့ ညှိုးငယ်နေသေးသည် ...

သူတို့သုံး​ယောက်  အဆောက်အဉီးထဲ ဝင်ခဲ့တော့ တစ်ခန်းလုံးက ရှိသမျှမှန်တွေ ကွဲကာ ကြမ်းပြင်ပေါ် မှန်ချခင်းထားသလို ဖြစ်နေသည် ...

" အစောင့်ဉီးလေးကြီးရော... "

" ကျနော်တို့ ထွက်လာတုန်းက သူရှိနေပါသေးတယ် "

" ဉီးလေး "

သူတို့ခေါ်သံကြားလို့ထင်သည် ... ခုံအောက်ဝင်ပုန်းနေ​သော ဉီးလေးကြီးက ထွက်လာသည် ....

" ဉီးလေး ဘာဖြစ်တာလဲ "

" ငလျင်လှုပ်တယ် ထင်တာပဲ "

ငလျင်လှုပ်တယ်ဆိုသောစကားကြောင့် သော်ခန့်နဲ့ထွန်းထွန်းတို့ မတိုင်ပင်ပါပဲ အကြည့်ချင်းဆုံသွားရသည် ...

သူတို့အပြင်မှာ တစ်လျှောက်လုံးရှိနေတာလေ ဘာငလျင်မှမလှုပ်ပါဘူး ... အခန်းထဲက ဘာပစ္စည်းမှ ပျက်စီးသွားတာမရှိပဲ မှန်တွေသာ ကွဲနေတာ ...

ဒါက သွေးရိုးသားရိုးမှဟုတ်ရဲ့လား ....

" ထိခိုက် မိသွားသေးလား ဉီးလေး "

" မထိပါဘူးကွယ် "

" ကျနော်တို့  ဘာလုပ်ပေးရဉီးမလဲ "

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ