For Zawgyi
" အဲ့ဒါဘာလုပ်နေတာလဲ "
ရုတ်တရက် အနောက်ကနေထွက်လာတဲ့အသံကြောင့်လက်ထဲက ကိုင်ထားတဲ့ဖုန်းလေး ပြုတ်ကျသွားလေတော့သည် ...
" နိုးနိုး ကိုယ်မေးနေတယ်လေ ... "
ပြုတ်ကျသွားတဲ့ ဖုန်းလေးက ဖွင့်လို့ပင်မရတော့ ... စိုးခန့်အနည်းငယ်စိတ်တိုကာ နိုးနိုးရဲ့လက်ကို သူရိုက်မိတော့မလို့ ...
အသည်းအသန် ကိုယ့်ဘာသာ ပြန်ထိန်းလိုက်ရသည် ..
မျက်နှာချောချော အပြုံးချိုချိုနဲ့ စိုးခန့်ဟာ အမှန်တကယ်တော့ သူ့စိတ်နဲ့မတွေ့ရင် ဒေါသကြီးကာ လက်ပါတတ်သူဖြစ်ကြောင်း သူ၏ညီ သော်ခန့်မှလွဲ၍မသိ ....
" ဟို စောစောက ကိုခန့်ဖုန်းလာလို့ "
" ဘာလို့ယူကိုင်လိုက်ရတာလဲ ... နောက်ဆို မဆိုင်တာတွေမလုပ်ပါနဲ့ ကိုယ်မကြိုက်ဘူး "
ရုတ်တရက် မိန်းမတစ်ယောက်ရဲ့မာနက နည်းနည်းလေး ခေါင်းပြူထွက်လာတယ် ..
" ကိုခန့်ဘာတွေ မလုံမလဲဖြစ်နေတာလဲ ... ဘာလဲ နိုးမသိအောင် ဘာတွေဖုံးကွယ်ထားတာလဲ "
မျက်ခုံးတန်းလေးတွေ စုပြီး မေးတော့ စိုးခန့်တစ်ယောက် ကြောင်သွားရသည် ... နိုးနိုးက သူ့အပေါ် ဒီလိုတစ်ခါမှ မဆက်ဆံဖူးဘူး ... နိုးနိုးက သူ့ကို အမြဲ တလေးတစားဆက်ဆံတာပါ ... ပြောရမယ်ဆို နိုးနိုးက သူ့အပေါ် တစ်ဖက်သတ်တောင် သဘောကျနေခဲ့တာ ....
အင်း ... သူ့ဘက်က နိုးနိုးကို ဉီးဝေလောက် မချစ်ရင်တောင် နည်းနည်းတော့ သဘောကျတာပဲလေ ..
နိုးနိုးကလှတယ် ... လှတယ်ဆိုတာထက်ကို ပိုတယ် .. ပြီးတော့ သူ့ကိုလည်း သဘောကျနေတာလေ ... ဒါမျိုးလေးကိုမှမကြိုက်ရင် .. သူက ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်လေး ဖြစ်သွားမှာပေါ့ ...
" ဆောရီးပါ နိုးနိုးရယ် ကိုယ်ခဏစိတ်လွတ်သွားလို့ပါ ... "
စိုးခန့် ဟာ တုန်ရီပြီး ရန်စွာချင်ဟန်ပြုနေတဲ့ နိုးနိုးလက်ကလေးတွေကို ဆုပ်ကိုင်လိုက်တော့ နိုးနိုးက ရှက်ကာ ငြိမ်ကျသွားတယ် ...
အချစ်နဲ့ပတ်သက်လာရင် လူသားတွေဟာ သိပ်နာခံတတ်တာပဲ ..
" ကိုခန့်ဖုန်းကို နိုး တမင်ယူကိုင်တာ မဟုတ်ပါဘူး .. အရေးကြီးဖုန်းဆိုရင် ပြောပေးလို့ရအောင်လို့ပါ "
ВЫ ЧИТАЕТЕ
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )