60 Ending

6.9K 272 40
                                    

For Zawgyi

" ကျနော့ဘဝမှာ နောင်တအရဆုံးက လူတစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်ခဲ့မိခြင်းပဲ "

" အစ်ကို နောက်ဆုံးအနေနဲ့ လုပ်ချင်တာရှိလား "

" အင်း လူတစ်ယောက်ကိုနှုတ်ဆက်ချင်တယ် ကူညီပေးလို့ရမလား "

AYO ဟာ ခေါင်းကိုဆတ်ခနဲညိတ်ပြတယ် ...

" ရတာပေါ့ အစ်ကို့နောက်ဆုံးဆန္ဒကို ကျနော်ဖြည့်ပေးမှာပေါ့ "

ကောင်းဉီးဝေရဲ့ အငွေ့အသက်က အရင်လို အမည်းရောင်အရိပ်တွေသမ်းမနေဘူး ... အေးမြပြီးစိမ့်သက်တဲ့အထိအတွေ့ကိုလည်းမပေးဘူး ... ပျပျလေးလင်းပြီးတော့ နွေးထွေးတယ် ..

ဒါဟာ Spirit တစ်ကောင်ရဲ့ နှောင်တွယ်မှုမရှိတော့ပဲ လွတ်လပ်သွားတဲ့ပုံစံဖြစ်မယ် ထင်တယ် ...

ပန်းခြံတစ်ခု ... နေရာအတိအကျပြောရမယ်ဆိုရင် ပြည်သူ့ရင်ပြင် ...  တံတားပေါ်မှာ ...

လူသုံးယောက်က မက္တပ်ရပ်နေတယ် ...

အောင်ထွန်း AYO နဲ့ သော်ခန့် ...

" နေကောင်းတယ်မလား ထွန်းထွန်း "

" အင်း "

အောင်ထွန်းဟာ AYO ရှေ့မှာ သူဘာပြောရမယ်မှန်းမသိဘူး ... ဒါက သူ့သူငယ်ချင်းလို့ပြောပေမဲ့ ဒီကောင်လေးရဲ့မျက်နှာကိုကြည့်ပြီးသူ့သူငယ်ချင်းအဖြစ်မှတ်ယူရမှာတော့ အနည်းငယ်ကသိကအောင့်တော့ဖြစ်တယ်လေ...

ပြီးတော့ နောက်က ဘုတောပြီးကြည့်နေတဲ့ ကိုသော်ခန့်ကိုလည်း ဘာမှမဆိုင်ပဲ ကြောက်နေရသေးတယ်... ဘာလို့သူ့ကိုအဲ့လိုကြည့်နေမှန်းတော့သူမသိဘူး ...

" အမေ့ကို ငါစိတ်ချလို့ရတယ်မလား "

" အင်း ရပါတယ် ဒါနဲ့မင်းက အရင်လို စကားမပြောတော့ပါလား အခုကျတော့ ... "

" ဘာလဲ လူငှါးပြောမိတာကိုလား "

သူ့ရှေ့က AYO အင်း ကောင်းကောင်းပေါ့ .. ကောင်းကောင်းဟာ သူ့ကို အရင်လိုပဲ မျက်လုံးလေးတွေပိတ်ကျအောင် ရယ်ပြတယ် ... သွားစွယ်လေးတွေမပါတာကလွဲပြီး ကောင်းကောင်းရဲ့အပြုံးဟာ အရင်အတိုင်း ထွန်းထွန်းအတွက် နွေးထွေးဆဲ ....

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Where stories live. Discover now