52

2.1K 187 10
                                    

For Zawgyi

ဆိုဖာခုံပေါ် ငူငူကြီးထိုင်နေသော စိုးခန့်ကိုကြည့်ကာ အားလုံးက စိတ်ပျက်နေကြသည်.. ဖြစ်လာပြီးသမျှ ပြဿနာတွေက ခေါင်းရှောင်နေလို့ ပြီးတဲ့ပြဿနာမဟုတ် ...

ရှေ့နေကြီးက အသိသက်သေတွေ လက္မှတ်ထိုးပြီးတာနဲ့ နိုးနိုးထံ စာချုပ်ကိုကမ်းပေးလာသည် ... နိုးနိုးလက္မှတ်ထိုးပေးလိုက်၏ ... ကိုယ်တိုင်ရူးမိုက်ခဲ့တဲ့ကိစ္စပဲလေ .. ဘယ်လောက်ပဲ မင်္ဂလာပွဲမှာ အရှက်ကွဲခဲ့ပါစေ .. ကလေးတစ်ယောက်ရလာပြီဆိုမှတော့ ဒီလူကို သူရမြှဖစ်မည်လေ ... မချိပြုံးတို့ရဲ့နောက်ကွယ်မှာ အရှက်ကွဲရခြင်းတွေက အောတိုက်...

သေတဲ့သူကသေပြီလေ ... ဒါကိုပဲ နိုးနိုးကလျှော့ပေးရဉီးမတဲ့လား ... ရုတ်တရက် လက္မှတ်ထိုးနေတဲ့ စာချုပ်က နိုးနိုးလက်ထဲက ရှောကနဲ လွတ်ထွက်သွားလေသည် ... ရှေ့နေကြီးရှေ့က ဖန်ခွက်က ဘယ်သူမှမတိုက်ချပဲ မှောက်ကျသွားတော့ မင်စိုနဲ့လက္မှတ်ထိုးထားတဲ့စာချုပ်က ချက်ချင်းမင်တွေ ပျံ့ကာ သုံးစားမရတော့ ..

အအေးဓာတ်က လွှမ်းခြုံလာပြီးတဲ့နောက် စိုးခန့်က ထရပ်လိုက်တယ် ...

" သားကို အတင်းလုပ်ခိုင်းလို့မရဘူး ... သားပြောပြီးသား ... သားက သားချစ်သူနဲ့ပဲယူမှာ ဒီလိုမသိတဲ့သူစိမ်းတစ်ယောက်နဲ့မဟုတ်ဘူး ... အရှက္မရှိတဲ့ လူလိုမျိုးပေါ့ "

ထိုစကားတို့ကို အေးစက်စက်ဆိုပြီးနောက္မှာ နိုးနိုးကို လက်ညှိုးထိုးလာပါသော စိုးခန့် ..

" ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်  ဘယ်ကဘယ်လိုရလာမှန်းမသိတဲ့ဗိုက်တစ်လုံး ဗန်းပြပြီး ယောက်ျားယူရဲတာ "

ပြီးတဲ့နောက် အပေါ်ထပ်ပြန်တက်သွားကာ အခန်းတံခါးကိုသော့ပိတ်လိုက်တော့သည်...

ကြောင်အကာ ကျန်နေခဲ့သော နှစ်ဘက္မိဘတွေကြားမှာ နိုးနိုးမျက်နှာမပြရဲတော့ ...

" သမီးသေသွားတာပဲကောင်းမှာပါ "

ပြောရင်းရုတ်တရက်ထပြေးသော နိုးနိုးကို လိုက်ဆွဲရကောင်းမှန်းမသိကြ ... အားလုံးနောက်ကလိုက်သွားတဲ့အချိန်မှာ နိုးနိုးဟာ လမ်းမကြီးပေါ်ရောက်နေပြီ ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora