For Zawgyi
" ရေချိုးတော့လေ .. ပြီးရင် ရွာထဲ လျှောက်ကြည့်ကြတာပေါ့ "
" ဟုတ်ကဲ့ "
သုံးယောက်လုံး အိမ်ဘေးက ကျောက်စည်ကြီးမှာ ရေတဗွမ်းဗွမ်းလောင်းချိုးကြသည်..
ရုတ်တရက် ကျောကို အထိခံလိုက်ရ၍ စိုးခန့်တွန့်သွားသည်...
" မောင့်ကျောမှာ မှဲ့ရှိတာပဲ "
ထိတွေ့နေတဲ့ ဉီးဝေလက်တွေကို ဘယ်လိုလိုက်ထိန်းရမယ်မှန်းမသိ ..
" မြန်မြန်ချိုးလေ အအေးပတ်နေဉီးမယ် "
" မောင်အသားကို ထိတာမကြိုက်လို့လားဟင် "
" အယ် အဲ့လိုမဟုတ် ... "
" မထိတော့ပါဘူး "
ရေမြန်မြန်လှည့်ချိုးကာ ရေလဲပုဆိုးလဲဝတ်ပြီး အိမ်ပေါ်အမြန်ပြန်တက်သွားပါတဲ့ဉီးဝေ ..
စိုးခန့်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၍ အောင်ထွန်းကို လှည့်ကြည့်တော့ အောင်ထွန်းလည်း သူ့ကိုကြောင်ကြည့်နေသည်..
" ကောင်းကောင်းက ဒီလိုစိတ်ကောက်တတ်မှန်း မသိဘူး ကျန်း "
" ကိုယ့်ကိုတော့ ခဏခဏ ကောက်တတ်တယ် "
စိုးခန့်ရယ်ပြီးပြောပြတော့ အောင်ထွန်းက ခေါင်းကုတ်သည်...
" သြော် ကောင်းကောင်း ကောင်းကောင်း ... တော်တော်ပြောင်းလဲသွားတာပဲ "
တီးတိုးဆိုကာ အိမ်ပေါ်တက်သွားပြန်သည့် အောင်ထွန်း ... စိုးခန့်တစ်ယောက်သာ အိမ်အောက်မှာ ကျန်ခဲ့တော့သည်..
" ဟတ်ချိုး "
ဘုရားရေ သူသာ အအေးပတ်နေတော့မှာပဲ ...
ရွာရိုးကိုးပေါက်လျှောက်ဆိုတာ သူတို့မှအမှန်ပဲ .. သုတို့လျှောက်လာနေတုန်း ရွာလယ်ပိုင်းမှ ဉီးရီးတို့အိမ်ရှေ့ရောက်တော့ စိုးခန့်တို့ဝင်သွားလိုက်သည်.
" ဉီးရီးရေ ဧည့်သည်လာတယ်ဗျို့ "
စိုးခန့်၏ အသံကိုလည်းကြားရော အိမ်ထဲမှ ထွက်လာသော အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့ အသက်၅၀ခန့် ဉီးလေးတစ်ယောက်..
VOCÊ ESTÁ LENDO
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mistério / Suspenseအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...