7

3.8K 380 7
                                    

For Zawgyi

" အိမ်ပြန်ရအောင် ဖြူကောင်လေး "

သူ့ရှေရပ်ကာ အလင်းကိုကျောပေးထားသောလူ..

သိပ်မုန်းဖို့ကောင်းတဲ့လူ.... သူ့ကိုအကျင့်ပါအောင်လုပ်ပြီး.. အနိုင်ယူသွားတဲ့လူ ..

" အင်း "

မလိုက်ဘူး လို့ ဘာလို့ပြောမထွက်တာလဲ သူမသိဘူး.. ဒီချိန်မှာ စီနီယာဘာပြောပြော သူလက်ခံဖို့ အသင့်ဖြစ်နေတယ် ... အဲ့လိုဖြစ်ပြီး ပျော့ညံ့နေတဲ့ သူ့ကိုယ်သူကို သူမုန်းလိုက်တာ ..

သူမက်တပ်ရပ်လိုက်တော့ ကျင်နေတဲ့ခြေထောက်တွေက ခွေကျသွားတယ် .. ခွေကျသွားတဲ့သူ့ကို စီနီယာက အလိုက်သင့်လေးတွဲပေးတယ် .. သိပ်နူးညံ့တယ် ..

ကားကBus မှတ်တိုင်အကျော်လေးမှာရပ်ထားတဲ့ကားဆီ နှစ်ယောက်သား တွဲရက်ကြီးလာခဲ့တယ် ...

ကားပေါ်ရောက်သည်အထိ သူငြိမ်နေမိတယ် ... ဆေးမိနေတဲ့ ငါးတစ်ကောင်လို သူဘာမှမသိဘူး.. သူဘာမှမသိတော့ဘူး ..

ကားတံခါးကို ပိတ်ပေးပြီး စီနီယာက တစ်ဖက်က ဝင်လာတယ် ... ပြီးတော့ သူ့ကို ခါးပတ်ပတ်ပေးတယ် ..

အရင်တုန်းကလို သူတွန်းမထုတ်မိဘူး ... အသာတကြည် ငြိမ်နေမိတယ် .. စီနီယာလှုပ်ရှားသမျှ မျက်လုံးအကြောင်သားနဲ့ လိုက်ကြည့်နေမိတယ် ... ကားမောင်းထွက်လာသည်အထိ သူအကြည့်မလွှဲမိဘူး ..

စီနီယာကပြုံးတယ် .. လမ်းမပေါ်က လမ်းမီးရောင်တွေနဲ့ စီနီယာမျက်နှာပေါ်က အပြုံးကို သူပီပီသသမြင်ရတယ် .. သိပ်ချိုမြိန်တယ် ..

" ကိုယ်နောက်ကျသွားတယ် .. "

သူဘာမှပြန်မပြောမိဘူး .. စီနီယာရဲ့ ဖြေရှင်းချက် လျှောက်လဲချက်တွေကို သူကြားချင်နေသလား သူမသိဘူး .. နားထဲကြားသမျှ အလိုလို လိုက်နားထောင်နေမိတာမျိုး ..

" ကိုယ်ညနေက မင်းကိုလိုက်မခေါ်မိခဲ့ဘူး ကိုယ်အရေးတကြီးအလျင်လိုနေလို့ မေနှင်းတို့ကိုတောင် အသိသူငယ်ချင်း မိန်းကလေးကားနဲ့ ထည့်ပေးလိုက်တာ "

ဟင် .. ဒါဆို စီနီယာက မေနှင်းတို့ကိုလိုက်ပို့ပြီး ပြန်ထွက်သွားတာမဟုတ်ဘူးပေါ့ ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora