8

3.7K 382 7
                                    

For Zawgyi

အပေါ်က အုပ်မိုးထားတဲ့ စီနီယာရဲ့ကိုယ်လုံးကြီးကို သူတွန်းလိုက်တယ် ...

သူမနေတတ်ဘူး .. လူပျိုဖြစ်ခါစ လူငယ်တစ်ယောက်မို့ ထိခတ်ရုံအထိအတွေ့နဲ့တင် သူ့ကိုရူးခါစေတယ် ...

သူထိုင်ခုံကိုတစ်ခါတည်း ပြန်မတ်လိုက်တယ် ... ပြီးတော့ လွယ်အိတ်ထဲက ရေဘူးကိုထုတ်ပြီး ကျန်နေတဲ့ရေတွေအကုန် သူမော့ချလိုက်တယ် ...

အာ ... ဒါပေမဲ့ အခုထိ အဲ့ဒီအထိအတွေ့က သူ့နှုတ်ခမ်းပေါ် ရှိနေသေးသလိုပဲ ... ဘာမှမထူးဘူးဆိုတာသိပေမဲ့လည်း သူ့နှုတ်ခမ်းတွေကို အကြောင်းမဲ့ သူပွတ်သတ်နေမိတယ် ... ရေသုတ်သလိုပေါ့ ...

" မင်းအဆင်ပြေရဲ့လား "

" အင်း ဆက်သွားရအောင် အစ်ကို "

" အင်းအင်း ... ဟင် "

မျက်လုံးပြူးလေးနဲ့ သူ့ကိုပြန်ကြည့်လာတဲ့ စီနီယာ .... ဘာလဲ သူဘာမှားသွားလို့လဲ ...

" ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ် "

သူ့မျက်လုံးတွေက လမ်းဘေးမီးရောင်အလင်းတွေပြန်ပြီ အရည်လဲ့နေတယ် ... မသိရင် ကြယ်လေးတွေ တလက်လက်တောက်ပနေသလိုပဲ ...

" ဘာ ... ဘာဖြစ်လို့လဲ .. မကြိုက်ရင် .. "

" ကြိုက်တယ် .. "

အမောတကော ပြောလာတဲ့စီနီယာရဲ့စကားသံမှာ သူနည်းနည်းတော့ လန့်သွားတယ် ...

" တစ်ခါမှမခေါ်ဘူးလို့ ကိုယ်နည်းနည်းအံ့သြသွားတာ ... ကြိုက်တယ် ... ကြိုက်တာမို့ အစ်ကိုပဲခေါ်ပါ "

" ဟုတ် "

ကျေနပ်ပြုံးနဲ့အတူ သူ့ခေါင်းကို တစ်ချက်ပုတ်ကာ ကားကိုညင်ညင်သာသာပဲ စီနီယာက မောင်းထွက်လိုက်တယ် ...

အိမ်ရှေ့ရောက်တော့ သူကျေးဇူးတင်စကားဆိုပြီး ကားပေါ်က ဆင်းလိုက်တယ် ... ခြံတံခါးသော့ပြန်ခတ်နေတုန်း ... စီနီယာက လှမ်းပြောတယ် ..

" ကိုယ်ညကျရင် ဖုန်းခေါ်ချင်တယ် "

သူငြင်းမနေခဲ့ဘူး ... ဖုန်းကိုင်မယ်လို့သူမပြောခဲ့ပေမဲ့ ငြင်းလည်းမငြင်းခဲ့ဘူး... သူဒီတိုင်း လှည့်ထွက်ခဲ့တယ် ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora