For Zawgi
" ဉီး "
" ပြောလေ "
အခုဆို သော်ခန့်ဟာ အိမ်ပေါ်ကဆင်းလာပြီးနေပြီ ... AYO ရဲ့အိမ်မှာသောင်တင်နေတာလည်း ၃လရှိလေပြီ ...
ကိုကိုကတော့ တရားခွင်တွေ သိပ်မသွားလိုက်ရ ... စိတ်ရောဂါခံစားနေရသူဆိုပြီး ဖခင်ကရအောင်ထုတ်သွားသည် ... အင်းလေ အမှန်တကယ်လည်း ရူးနေပြီကိုး .... အနားမှာ ကောင်းဉီးဝေရှိနေပါသည် ... ကောင်းဉီးဝေလေးက သူ့ကိုသတ်နေပါပြီဆိုပြီး အမြဲတမ်း ရေရွတ်နေတတ်သည် ...
ခွေးပေါက်လေးက တကယ်မှမရှိတော့တာလေ ... ကိုကိုရူးနေပြီဆိုတာသိသာတာပေါ့ ... အင်း ဘယ်သူမပြုမိမိမှု ...
သော်တာမြတ်နိုးကိုတော့ မိဘအိမ်ကပြန်ခေါ်သွားလေသည် ... ကိုယ်ဝန်၆လလောက်ဆိုတော့ စိတ်ရောဂါလင်ယောက်ျားကိုလည်း မပြုစုနိုင် ... ယောက်ျားကလည်း သူ့ကိုအကပ်ခံတာမဟုတ် ...
မိဘအိမ်ကတော့ အဆုံးစွန်ထိ လုပ်ချသွားသော သူ့ကို အိမ်ပေါ်အတက်မခံတော့ .... မျက်နှာပျက်ရုံမက ဖြစ်ပျက်သွားသော အကြောင်းအရာများကြောင့် သိက္ခာတွေလည်း ရစရာမရှိအောင် ကျဆင်းသွားရသည့်အတွက် ဆိုပြီး သော်ခန့်ဟာ မိသားစုစာရင်းမှ မထုတ်ပယ်ခံရရုံတမယ်ပါပဲ ...
သော်ခန့်ကလည်း ဂရုမစိုက်သောသူပါ.... သူပျောက်သွားတဲ့အချိန်တုန်းက သူ့ကိုရှာခဲ့တဲ့သူက သူ့အမေပဲရှိတယ်လေ ..... အခုချိန်မှာ သူဂရုစိုက်တာလည်း သူ့အမေတစ်ယောက်ပဲ ... အိမ်ကလူတွေက အမေ့ကိုဂရုစိုက်ကြတာမို့ သူစိတ်ချလက်ချထွက်လာခဲ့လိုက်တာပဲ ဖြစ်တယ်...
အခုတော့ ငေါ်ခန့်တစ်ယောက်ဟာ သူ့တပည့်လည်းဖြစ် ... သူ့မိတ်ဆွေလည်းဖြစ်တဲ့ ကလေးပေါက်စအိမ်မှာ သူလိုက်နေရတဲ့အဖြစ် ...
အိမ်မှာက အိပ်ခန်းတစ်ခန်းပဲရှိတာရယ် .. သူကိုယ်တိုင်ကလည်း မွေ့ယာမပါရင်မအိပ်တတ်တာရယ်နဲ့ သော်ခန့်ဟာ AYO ရဲ့ကုတင်ပေါ်ရောက်ရတာပါပဲ ...
တစ်မျိုးမတွေးနဲ့နော် ... AYO ရဲ့ကုတင်က အရမ်းကျယ်တယ် .. လူလေးယောက်တောင်အိပ်လို့ရတယ် ...ဒါပေမဲ့ မနက်ရောက်ရင် သူက ဟိုကလေးနဲ့အဖက်ခံရပြီး နိုးလာတာတစ်ခုပါပဲ .... အင်း သူတို့အခြေအနေကလည် ဘာမှန်းကိုသူလည်းမသိ.. သဘောကျသလားဆို သဘောကျတယ် .. ဒါပေမဲ့ ဘယ်သူ့ဘက်ကမှ ဖွင့်မပြောကြဘူး ... ရှေ့လည်းတစ်လှမ်းမတိုးကြပဲ လက်တစ်ကမ်းစာအကွာမှာ စုံရပ်နေကြသလိုပါပဲ...
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...