For Zawgi
(A/N Main Story ရဲ့ အဆက်မဟုတ်ပါဘူးနော် )
" Priority " IT သင်တန်း ..
ဒါက ဟိုလူကြီးရှိတဲ့နေရာတဲ့လား... သူခပ်ဖိဖိပြုံးမိသည်....
ကော်ဖီဆိုင်ရှေ့မှာ တစ်ခါဆုံဖူးရုံနဲ့ နောက်တစ်ခါထပ်ဆုံချင်မိတာက သူ့အပြစ်ရယ်တော့ပြောလို့မရဘူး ... ဘာလို့လဲဆိုတော့ အဲ့ဒီလူကြီးက သူ့ကို စိတ်ဝင်စားအောင်လုပ်နေတာလေ ...
နောက်ကိုတမင်လိုက်တာမဟုတ်ပေမဲ့ မျက်မှန်ဆိုင်ထဲမှာ ပြန်တွေ့လိုက်ရတာကတော့ သူ့ကို ပျော်သွားစေတယ် ...
လက်ဆောင်အနေနဲ့ပေးလိုက်တော့ ဝမ်းသာသွားတဲ့မျက်နှာလေးကို ကားထဲကနေ ကြည့်နေခဲ့တာကိုတော့ လူကြီးက မသိနိုင်ဘူး...
သိပ်ကိုအာရုံကျချင်စရာဖြစ်နေတယ်လို့မထင်ဘူးလား...
အဲ့တော့ ဒါက သူ့အပြစ်တော့မဟုတ်ဘူးမလား ...
ဒီနေ့ကတော့ ဒီအတိုင်းလေးပဲ နေရာလာကြည့်တာ ... နီးစပ်အောင်လုပ်ရမှာက လွယ်ပါတယ် ...
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ .. ဟုတ်တယ်ဟုတ် ...
" သိပ်ချစ်ဖို့ကောင်းနေတာက ခင်ဗျားအပြစ်ပဲ "
AYO ဟာ အခုမှ အသက် ၁၆နှစ်ပဲရှိသေးတယ်... မြန်မာပြည်ပြန်ရောက်တာကမကြာသေးဘူး ... သူ့မိဘတွေက ဂျပန်မှာအချေကျနေပြီးသား ...
AYO ကသာ မြန်မာပြည်ကို မခွဲနိုင်လို့ ပြန်လာတာဖြစ်တယ် .... မြန်မာပြည်မှာ ဘာဆွေမျိုးဘာမိတ်ဆွေမှမရှိဘူး ...
မိဘတွေဟာ AYO ကို တစ်ယောက်တည်း လွှတ်ထားတာတော့မဟုတ်ဘူး ...AYO အတွက် အတွင်းရေးမှူးလည်းရှိတယ် .... အိမ်တော်ထိန်းလည်းရှိတယ်... ပြီးတော့ သုံးစွဲဖို့ငွေအတွက် ဆိုင်တစ်ဆိုင်ဖွင့်ပေးထားတယ်
ခေတ်မီပြီးသန့်ရှင်းသပ်ရပ်တဲ့ COFFEE ဆိုင်တစ်ခု ...
နာမည်လေးက Mi'tesoro .....ဆိုင်နာမည် ဆိုင်အခင်းအကျင်း နဲ့ အစစအရာရာကို ၁၆နှစ်လူငယ်လေးက ထိန်းချုပ်ထားတယ်ဆိုတာ ယုံချင်စရာမရှိဘူး ...
ဂျပန်ပညာရေးစနစ်အရ အထက်တန်းမအောင်သေးတဲ့လူငယ်လေးက အထက်တန်းပြီးအောင်ထိတက်ဖို့လည်း အာရုံရပုံမပေါ်ဘူး ... မိဘတွေက သားလေးတစ်ယောက်ပဲရှိတာမို့ အလိုလိုက်ထားတယ်ရယ်မဟုတ်ပေမဲ့ ပစ်ထားတာလည်းမဟုတ်ဘူး ... အချိန်မပေးနိုင်ပဲ အမြဲတစေ အလုပ်ရှုပ်နေတဲ့မိဘတွေလည်းမဟုတ်ဘူး ..

BẠN ĐANG ĐỌC
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Bí ẩn / Giật gânအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...