18

3.1K 329 12
                                    

For Zawgyi

ရင်ခွင်ထဲကိုတင်းနေအောင်ဖက်ခံရတာက တစ်မျိုးပဲ.. ပြီးတော့သူတစ်ခါမှအဖက်မခံဖူးဘူး ... နေ့လည်ကတစ်ခေါက်ချီထားတုန်းကတော့သူနဲ့စီနီယာ ရင်ဘတ်ချင်းအပ်ခဲ့ဖူးသည်..

သူ့ကိုရင်ဘတ်ထဲထည့်ထားရင်း စီနီယာက သူ့ကျောလေးကို အသာလေး ပွတ်သပ်ပေးနေသည်..

စီနီယာရဲ့ခေါင်းက သူ့ပုခုံးပေါ်မှာ .. လည်ပင်းဘက်ကိုမျက်နှာလှည့်ထားတာမို့ စီနီယာအသက်တစ်ခါရှူလိုက်တိုင်း လာရိုက်တဲ့လေနွေးနွေးတွေက သူ့ကိုတစ်ချက်ချက်အသက်ထွက်တော့မလိုခံစားရစေတယ်..

ပိုပိုတင်းကျပ်လာတဲ့လက်တွေနဲ့အတူ လည်ပင်းပေါ်ကိုရောက်လာတဲ့ နူးညံ့တဲ့အထိအတွေ့.. စူးကနဲနာကျင်သွားမှုနဲ့အတူ သွေးကြောထဲကနေ တဖျင်းဖျင်းခံစားလိုက်ရတယ်..

" မောင် "

သူ့ရဲ့အသံတွေက လှိုက်မောတဲ့အသံတွေအဖြစ် အလိုလိုပြောင်းလဲသွားစေတယ် ..

လည်ပင်းက အနမ်းတွေက မရပ်သလို စီနီယာရဲ့လက်တွေကလည်းမရပ်ဘူး ..

သူ့ခါးသိမ်သိမ်လေးဆီ ရောက်လာတဲ့စီနီယာရဲ့လက်တစ်ဖက်က သူ့ပုဆိုးနဲ့အင်္ကျီအစပ်ကအသားလေးကို ဆိတ်တယ် ..

နာကျင်မှုနဲ့အတူ ခံစားလိုက်ရတဲ့ ခံစားချက်က သူ့ကို တစ်မျိုးလေး သာယာမှုပေးနေသလိုပဲ..

နောက်တော့ သူ့တစ်ကိုယ်လုံးကို စီနီယာကဆွဲယူလေတော့ ပေါ့ပါးနေတဲ့ သူ့ကိုယ်လုံးက စွေ့ကနဲ စီနီယာရဲ့ပေါင်ပေါ်ရောက်သွားတော့တယ် ..

တိုပြီး လိပ်ပါသွားတဲ့ သူ့ပုဆိုးကိုပြန်ဆွဲတင်ဖို့လုပ်နေတဲ့သူ့လက်တွေကို စီနီယာက ဖမ်းဆွဲထားတယ် ...

ပြီးတော့ သူ့လက်တွေကိုစီနီယာရဲ့လည်တိုင်ကိုသိုင်းဖက်စေတယ် .. ပြီးတော့ သူ့ကို ခါးကနေကိုင်ဆွဲပြီး အနီးဆုံးထိ ဆွဲထိုင်စေတယ် ...

ဒီလောက်ထိနီးကပ်နေတာက သူ့အတွက်ပထမဆုံးပဲ ..

ရင်ခုန်တာကိုမထိန်းနိုင်တော့တဲ့အဆုံး.... သူ့နှုတ်ခမ်းလေးကို သွားစွယ်လေးနဲ့ဖိကိုက်လိုက်တယ် ..

သူနဲ့စီနီယာရဲ့အရပ်ကွာခြားမှုက တော်တော်ကွာတာမို့ စီနီယာပေါင်ပေါ်မှာထိုင်နေတဲ့ သူဟာ စီနီယာနဲ့ မျက်နှာချင်းဆိုင်အနေအထားမှာရှိတယ် ...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Dove le storie prendono vita. Scoprilo ora