53

2.1K 193 7
                                    

For Zawgyi

တစ်ရက်ထက်တစ်ရက် အချိန်တွေကုန်လာသည်
စိုးခန့်ဟာအရင်လို ခန့်ခန့်ညားညား ဖြူဖြူသန့်သန့် ယောက်ျားပျိုတစ်ဉီးနှင့်မတူတော့ ...

နေ့စဉ်ကျောင်းသွားကျောင်းပြန်ကို အိမ်က Driver တစ်ယောက်ထပ်ငှါးကာ ပို့ပေးနေရသည် ... နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံး semester မို့ အိမ်ကဂရုစိုက်နေရသည်...

အသက် ၂၃နှစ်အရွယ် လူတစ်ယောက်ကို ဘာလို့ကလေးတစ်ယောက်လို လိုက်လံဂရုစိုက်နေရပါသလဲ ..

စိတ်နဲ့လူနဲ့မကပ်ပဲ တစ်ယောက်တည်းစကားတွေပြောသည်.. အခန်းထဲနေရင် aircon တွေ အဆုံးထိမြှင့်ကာဖွင့်ထားတတ်သည်... တစ်နေ့တစ်ခြား ပိန်ပိန်လာကာ လူရုပ်ပင်မပေါ်တော့ ... အဆိုးဆုံးက တစ်ယောက်တည်းစကားပြောနေခြင်း... သူ့နားမှာတစ်ယောက်ယောက်ရှိနေကာ စကားအပြန်အလှန်ပြောနေခြင်းမျိုး..

ကားမောင်းနေစဉ် စိတ်လွတ်သွားမှာစိုးလို့ ကားမမောင်းခိုင်းတော့ ...

ကျောင်းမှာ စိုးခန့်နဲ့ဉီးဝေအကြောင်းမသိသူက ရှားသည် ...

နောက်ဆုံးနှစ်စီနီယာကြီးစိုးခန့်က ပထမနှစ်ကျောင်းသားကောင်းဉီးဝေကို ဘယ်လိုတောင် သိသာအောင်လိုက်ခဲ့သလဲ ဆိုတာ အားလုံးကအသိ ...

ကောင်းဉီးဝေဆုံးသွားသည့်နောက် သူတို့စီနီယာကြီး စိတ်လွတ်သလိုဖြစ်သွားသည်ကို သူတို့မှာ စိတ်မကောင်းကြ ..

ယခုလည်း ကျောင်းနောက်ဘက် Basketball ကွင်းရှိရာ အားကစားရုံဆီ တစ်ယောက်တည်းလျှောက်သွားသော စိုးခန့်အား အားလုံးက သနားစဖွယ်ကြည့်ကာ စုတ်တသပ်သပ် ......

ဘယ်သူကသနားစရာအမှန်ကောင်းသလဲ ဘယ်သူကသိပါ့မလဲလေ ... လူဆိုတာ ကိုယ့်မျက်စိနဲ့မြင်နေရတာကိုပဲ ယုံကြတာမလား ...

နေ့ခင်းဘက္မို့ လူသွားလူလာကပြတ်တဲ့အပြင် ... Basketballကစားတဲ့သူတွေက ကျောင်းမှာအသင်းမရှိတဲ့အတွက် အားကစားရုံကြီးက အလွတ်သက်သက်သာ .....

" ဉီးဝေ မောင့်ကိုစကားပြောပါဉီး "

ရှေ့ကသွားနေသူတစ်ယောက်ယောက်အား လိုက်လံချော့မော့နေပုံရသော စိုးခန့်ကိုသာ တစ်စုံတစ်ယောက်သာ တွေ့ခဲ့ရင် ရူးနေပြီလို့ ထင်မှာပဲ .. သို့ပေမဲ့ ...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Tempat cerita menjadi hidup. Temukan sekarang