For Zawgi
" ပီဇာစားချင်တယ် "
" ဟဲ့ ဗိုက်ပေါက်ထွက်နေမယ် တော်ပြီလေ "
" ဟာ "
မကြည်တကြည်သူအသာလေး ငြိမ်နေလိုက်ပြီးတော့ ခြေထောက်တွေကို မြေကြီးနဲ့ပွတ်တိုက်ပြီး ခေါင်းလေးငုံ့နေလိုက်တယ် ..
သူသိပ်သိချင်တယ် စီနီယာဘာလုပ်မလဲဆိုတာ ...
" ပြန်ရအောင် မနက်ကတည်းက ပြန်မလာသေးလို့ အမေက ဆဲနေပြီ "
" ဟုတ်တယ် ငါရောပဲ "
" အောင်ထွန်း နင်ကရော "
" ပြန်မှာပေါ့ မမကိုသွားကြိုရဉီးမှာ "
ရယ်ကျဲကျဲပြောလာတဲ့ အောင်ထွန်းရဲ့ကျောကို ဗျောတင်လိုက်တဲ့ နှစ်ယောက်ရဲ့လက်သံက ကျောကော့သွားရတယ် .. လက်ရာကြီးထင်ရင်ထင်နေမှာ ....
ဒီလိုလက်ရဲဇက်ရဲနဲ့ လက်သံပြောင်လွန်းလို့ ဘယ်ကောင်လေးမှ အဲ့ဒီနှစ်ယောက်ကို ရည်းစားစကားလာမပြောရဲဘူး ..
သူတို့နှစ်ယောက်တောင် ကျောတွေလက်မောင်းတွေပုတ်တော့မယ် ... ဒါပေမဲ့ သူ့ကိုတော့ နည်းနည်းညှာကြတယ်...
ထားပါ ... သူတို့သုံးယောက် အချစ်စမ်းနေတုန်းမှာ စီနီယာက သူ့နားကပ်လာတယ် ... ပြီးတော့ တိုးတိုးလေးပြောတယ် ....
" အပြန်ကျရင်ဝယ်ကျွေးမယ် ... သူတို့မသိအောင် "
သူအံ့သြဝမ်းသာမျက်နှာနဲ့ စီနီယာဘက်ကိုကြည့်တော့ စီနီယာက မျက်လုံးတစ်ဖက်မှိတ်ပြတယ်...
အချစ်စမ်းလို့ဝသွားတဲ့သုံးယောက်က ဒီဘက်လှည့်လာတော့ သူစီနီယာကိုခေါင်းပဲညိတ်ပြနိုင်လိုက်တယ်..
သူတို့သိအောင်လုပ်စရာလား .. ဒါက သူနဲ့စီနီယာရဲ့ romantic date လေးဖြစ်လာမှာ ..
အား ရင်တွေခုန်လိုက်တာ ...
တစ်လမ်းလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့သူ့ကြောင့် စီနီယာစိတ်ချသွားပုံရတယ်.... တစ်မနက်လုံး ညှိုးငယ်နေတဲ့သူ့ကို စီနီယာပျော်အောင်ထားနိုင်တယ်လို့ ယုံကြည်သွားမှရမယ် ...
သူဟာ စီနီယာရဲ့လက်ခုပ်ထဲက ရေလေးတစ်ခွက်လို စီနီယာ ယူဆထားမြှဖစ်မယ် ...
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...