For Zawgyi
(A/N ဒီအပိုင်းမှာလည်း Third person POV ပါ )
" ဒါက ဘယ်ကပြန်လာတာလဲ "
စိုးခန့်တစ်ယောက် အိမ်ထဲခြေချရုံရှိသေး ထွက်လာသော အဖေ့အသံကြောင့် ရုတ်တရက်လန့်ကာ တုန်တက်သွားရသည်..
ဟုတ်တယ်လေ သူမဟုတ်တာလုပ်နေတာမဟုတ်ပေမဲ့ သူလုပ်နေတာတွေကတော့ မမှန်နေတာမို့လို့ သူလန့်တာ ထုံးစံပဲ ...
" ကျောင်းကသူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ကြတာပါအဖေ "
" လာထိုင်ပါဉီး "
" ဟုတ် "
အဖေ့ရှေ့က ခုံမှာ ဝင်ထိုင်လိုက်တော့ အမေနဲ့ ညီလေးက တစ်ဖက်က ခုံတန်းရှည်မှာ ဝင်ထိုင်လိုက်ကြတယ်..
" မေ မင့်သား ဘယ်အချိန်ကတည်းက ထွက်သွားတာလဲ "
" နေ့လည်စာစားပြီးကတည်းကပါ "
" သူဘယ်ချိန်ပြန်ရောက်လာတာလဲ "
" အခုလေးတင်လေ "
" သူဘယ်သွားတယ်လို့ ပြောလိုက်လဲ သားငယ် "
" ကိုကိုက သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တာပါ"
" ဒါဆို အခုနလေးတင် ငါတို့အိမ်ထဲ ဝင်လာပြီး ပြန်ထွက်သွားတာ ဘယ်က သရဲလေးတွေလဲ "
" ဘယ်သူတွေ လာသွားလို့လဲ အဖေ "
" မင်းနဲ့အတူတူ ရုပ်ရှင်သွားကြည့်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ "
စိုးခန့်တစ်ယောက် ဂွမ်းပြီ ... ဘယ်လိုလုပ်ထင်မှာလဲ အိမ်ကိုပေါက်ချလာကြမယ်လို့ ... ရှောင်ဖြေစမ်း စိုးခန့်...
" သားက အတန်းထဲက သူငယ်ချင်းနဲ့သွားတာမဟုတ်ပါဘူး အဖေ "
" မိန်းကလေးဘယ်နှစ်ယောက်ပါလဲ "
" မပါပါဘူးအဖေ "
ဟုတ်တယ်လေ ... စိုးခန့်သွားတွေ့ခဲ့တာက ကောင်းဉီးဝေ တစ်ယောက်တည်းနဲ့ ...
" ခဏနေရင် မြတ်နိုးတို့ မိသားစု အိမ်ကိုလာတော့မယ် ... မင်းကတစ်နေကုန်တစ်နေခန်း လျှောက်သွားနေတယ် ... သွား မြန်မြန်ရေသွားချိုးစမ်း ... မကြာခင်ပဲ ဘွဲ့ကရတော့မယ် အချိုးကမပြေဘူး .. မြန်မြန်သွားစမ်း ငါထကန်မိတော့မယ် "
VOCÊ ESTÁ LENDO
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mistério / Suspenseအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...