For Zawgiအချိန်မဟုတ် အခါမဟုတ် မိုးတွေရွာနေတဲ့ လမ်းမပေါ်ကို သူကြည့်နေမိသည် ...
မှန်ချပ်တွေနားမှာ ထိုင်နေတာမို့ ရေစက်တို့က မှန်ကိုလာလာစင်နေတာကို ဘာရယ်မဟုတ်ပဲ ငေးနေတုန်း ...
သူ ကော်ဖီမကြိုက္တတ်ပါ ... ကော်ဖီမကြိုက်တဲ့သူက ကော်ဖီဆိုင်မှာ ဘာထိုင်လုပ်နေပါသလဲ ....
Cheese cake တစ်တုံးနဲ့ Mocha တစ်ခွက်က အသံတိတ် သူ့ကိုပြောင်ပြနေသလိုပဲ ...
မနက်က ....
" ညီခန့် ငါနဲ့ခဏတွေ့ရအောင် "
" ငါလာခေါ် ... "
" Mi'tesoro cafe' ကိုလာခဲ့ "
တီခနဲ ကျသွားတဲ့ ဖုန်းသံနောက် သူ့မှာ ဘာမှ ပြန်ပြောခွင့်မသာလိုက် .....
" တော်တောင်မတော်ရသေးဘူး အင်မတန်အာဏာပြတဲ့ မရီးလောင်း "
..............
သူစောင့်နေတာ အတော်ကြာပြီ ... ဒီနေ့သင်တန်းပိတ်တာရယ် ... ဘာမှလုပ်စရာမရှိတာရယ်ကြောင့် ... သူစောရောက်နေတာ ...
" နိုးနိုးက ငါ့ကို ဘာလို့ခေါ်တာလဲ "
သော်တာမြတ်နိုးက သူနဲ့သိပ်တည့်တာမဟုတ် ... ငယ်ငယ်ကတည်းက အသက်တူသူငယ်ချင်းတွေမို့ ပြောမနာဆိုမနာ ပေါင်းသည့် နှစ်ယောက် ... ရန်ခဏခဏ ဖြစ်တဲ့ သူငယ်ချင်းတွေလို့ ဆိုရမည် ... ကိုကိုနဲ့တော့မဟုတ် ..
ကိုကိုနဲ့ဆိုရင် မခုတ်တတ်တဲ့ကြောင်လိုလို ... ဆင်မယဉ်သာ ဆိုလား .... ပဲတွေသိပ်များ ... အဲ့ဒါတွေကြောင့်အိမ်က ကိုကိုနဲ့ နိုးနိုးကို လက်ထပ်ပေးဖို့ သဘောတူခဲ့ကြတာ ...
" ဉီးဝေ မပြောခဲ့သင့်ဘူး "
" မောင့်ကိုအဆုံးရှုံးမခံနိုင်လို့ပါ "
ဟိုတစ်ပတ်က ခွေးပေါက်လေး ပြောတဲ့စကားတွေက သူ့နားထဲ ဝင်လာတော့ ...
မဟုတ်မှလွဲရော ... နိုးနိုးသိများသွားတာလား ...
" ရောက်နေတာကြာပြီလား ...... "
" အေး "
တကယ်လည်းရောက်နေတာကြာပြီ ... လိမ်ပြောရအောင် အားနာရမဲ့ လူတွေလည်းမဟုတ် ...
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...