For Zawgyi
ရုပ်ရှင်ရုံထဲကနေ ကုန်းပိုးထွက်လာတဲ့ လူငယ်နှစ်ယောက်ကို မြင်ရင် သတိထားကြည့်ပေးကြပါ ..
အဲ့ဒါ ကောင်းဉီးဝေနဲ့စိုးခန့်ပါတဲ့ဗျာ ...
(A/N ဒီအပိုင်းမှာ Third Person Point Of View နဲ့ရေးမှာပါ )
ကောင်းဉီးဝေ ဟာ စိုးခန့်ရဲ့ရင်ခွင်ထဲမှာ တိတိပပကိုအိပ်ပျော်သွားရှာပါတော့တယ် ....
အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေတဲ့ ကောင်းဉီးဝေကို အသာငဲ့ကြည့်မိတယ် ..
ဒီကလေးငယ်ကို စိုးခန့်ဟာ ကျောင်းမှာမဟုတ်ပဲ အပြင်မှာ စတွေ့ခဲ့တာပါ ..
ထိုနေ့က စိုးခန့်တစ်ယောက် သူငယ်ချင်းဖြစ်တဲ့ သော်တာမြတ်နိုးနဲ့ စာအုပ်တန်းလိုက်ခဲ့တဲ့နေ့ပေါ့ ...
Flash Back Start
" မြတ်နိုးရာ ဒီကိုလာမှလား စာအုပ်တိုက်ကိုသွားရင်လည်းဖြစ်တာကို "
" ဟင့်အင်း မရပါဘူး ဒီနေ့စာအုပ်ဈေးရောင်းပွဲတော်မှာမှ ဝယ်လို့ရမှာ လာပါ ကိုခန့်ရယ် နင်ကြိုက်တဲ့ ရေခဲမုန့်ဝယ်ကျွေးမယ် "
" ကလေးကလား တော်ပြီ မြန်မြန်ဝယ် ငါကားထဲကစောင့်နေမယ် "
သော်တာမြတ်နိုးတစ်ယောက် စိုးခန့်ကိုခေါ်လို့မရတော့တဲ့အဆုံး တစ်ယောက်တည်း စာအုပ်တန်းတွေထဲ ဝင်ခဲ့ပါတော့တယ် ...
ကားဆီပြန်လာတဲ့ စိုးခန့်တစ်ယောက် နေပူလို့ဆိုပြီး သစ်ပင်ရိပ်အောက်က ထိုင်ခုံတန်းပေါ်ထိုင်နေလိုက်တယ် ..
အနားကိုရောက်လာတဲ့ရေခဲမုန့်သည်ကိုတွေ့တော့ စိတ်က ရေခဲမုန့်စားချင်သွားပြန်တယ် ...
" အစ်ကို ဒူးရင်းတစ်ခွက် "
" သားကိုဒူးရင်းတစ်ခွက် "
အသံပြိုင်တူထွက်လာတာမို့ ငဲ့ကြည့်မိတော့ ပါးမှာသနပ်ခါးမပြယ့်တပြယ်နဲ့ အဖြူအစိမ်းဝတ်ကျောင်းသားလေးတစ်ယောက် ...
" ဘယ်လိုလုပ်မလဲ ညီတို့ရယ် ဒူးရင်းကတစ်ခွက်ပဲရတော့မယ် "
" သားအရင်မှာတာနော် ... သားကိုပေး "
စိုးခန့်တစ်ယောက် အစကမယူတော့ဘူးလို့ပြောတော့မလို့ပါးစပ်ကလေးကပိတ်သွားတယ် ..
KAMU SEDANG MEMBACA
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Misteri / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...