For Zawgyi
ခရီးကပြန်ရောက်ကတည်းက စိုးခန့်စိတ်က တစ်နုံ့နုံ့နဲ့ ... ပြီးတော့ တစ်မျိုးကြီး ထင့်နေတယ် ...
ကိုယ်တိုင်ကိုက အမှားလုပ်ထားမိလို့ထင်ပါရဲ့...
" ဟူးးးး ... ဘာမှမဖြစ်ဘူး ... ဒါက အမှားမဟုတ်ဘူး ... လူတိုင်းဖြစ်တတ်တဲ့သဘော "
ဉီးဝေဟာ ခရီးကပြန်လာပြီးကတည်းက ညတိုင်း စိုးခန့်ကို ထမင်းစားဖိတ်သည်... ညစာစားပြီး အေးဆေးထိုင်စကားပြောပြီးမှ ပြန်ခွင့်ပေးသည်...
ဖြစ်နိုင်ရင် စိုးခန့်ကတော့ မပြန်ချင်ဘူးပေါ့ ... သူ့အနေနဲ့ ဉီးဝေနဲ့ ချစ်သူရည်းစားတွေသာ ဖြစ်လာတယ် ... skinship ကလွဲလို့ အဆင့်မတက်သေးတော့ ...
ဘယ်လိုပြောရမလဲ ... လူဆိုတာ တားထားရင် ပိုလုပ်ချင်တာမလား ... ပြီးတော့ ချစ်သူဆိုတဲ့အသိနဲ့ စိုးခန့်ဟာ ဉီးဝေကို သိပ်ပိုင်ဆိုင်ချင်တယ် ...
ဒါပေမဲ့ ဉီးဝေရဲ့ မျက်ရည်သီတဲ့အကြည့်နဲ့ ကြည့်ခံလိုက်ရရင် ... စိုးခန့်ရှေ့မတိုးရဲတော့ဘူး ...
အဲ့လိုထိန်းခဲ့ရပေါင်းများလာတော့ စိုးခန့်ရဲ့ ပေါက်ထွက်လာတဲ့ ခံစားချက်တွေ လွင့်စင်ခံလိုက်ရတဲ့သူကတော့ ..
စိုးခန့်ရဲ့ သတို့သမီးလောင်း သော်တာမြတ်နိုး...
တစ်ချိန်မှာ ကျိန်းသေပေါက်လက်ထပ်တော့မယ်ဆိုပေမဲ့ ... မိန်းကလေးမို့လို့ ထိန်းသိမ်းသင့်တယ်ဆိုပေမဲ့ ...
သော်တာမြတ်နိုးက စိုးခန့်ကို လက်သင့်ခံခဲ့တာ ဘာအတွက်လို့ထင်ပါသလဲ ...
ကိုယ်ချစ်နေရတဲ့ ကိုယ့်ရဲ့ခင်ပွန်းလောင်းဟာ ယောက်ျားတစ်ယောက်နဲ့ ကြိုက်နေပါတယ်လို့သိကတည်းက ... ကမ္ဘာပျက်သလိုခံစားခဲ့ရသူအနေနဲ့ ... ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲခဲ့ရုံပါ ...
တဖြည်းဖြည်းနဲ့ မင်္ဂလာရက်နီးလာပြီ ... ဘယ်လောက်တောင်နီးလဲဆို သန်ဘက်ခါဟာ မင်္ဂလာပွဲပဲ ...
ဖိတ်စာတွေဝေပြီးနေပေမဲ့ လိုအပ်နေသေးတာက အခုထိ သွားမရွေးရသေးတဲ့ မင်္ဂလာလက်စွပ် ...
" အသိဆိုင်ကိုပဲ သွားမယ်နော် ကိုခန့် ... "
" အင်းပါ "
ВЫ ЧИТАЕТЕ
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )