For Zawgyi
" ဘယ်လိုလုပ်မလဲ ခဏခဏ ဒီလို ဖြစ်နေရင် "
" အန်တီ သူ့ကို ဆေးရုံတော့မတင်ချင်ဘူး ... ကောင်းကောင်းက ဆေးရုံကြောက်တယ်လေ...... ကောင်းကောင်း ဟိုတစ်ခါကလို ထွက်ပြေးလာမှာကြောက်တယ် "
အိပ်ယာပေါ်အိပ်နေတဲ့ ကောင်လေးတစ်ယောက်ကတော့ဖြင့် ဘာမှမသိနိုင် ...
ညိုမည်းနေသောမျက်ကွင်းတွေ ...... ပိန်ကျသွားသော ခန္ဓာကိုယ်နဲ့ အိပ်ယာနဲ့တစ်သားတည်းလိုလို ဖြစ်နေတဲ့ ကောင်းဉီးဝေ ..
" သူအိပ်နေတာ ဘယ်နှစ်နာရီရှိပြီလဲ အန်တီ "
" မောင်စိုးခန့် ပြန်လာပို့တဲ့ နေ့ကတည်းက ဆိုတော့ အခုဆို ၃ရက်ရှိပြီ .... ဆေးသွင်းထားတာမို့ အာဟာရပြတ်မှာတော့ စိတ်ပူစရာတော့မရှိဘူး ... မေ့မျောနေတာမဟုတ်ပဲ အိပ်မောကျနေသလိုပဲ ဖြစ်တာမို့ အန်တီ့စိတ်ထဲ တစ်မျိုးကြီးပဲ ထွန်းထွန်းရယ် "
" ဆရာဝန်ကြီးကရော ဘာပြောသေးလဲ ... "
" ၆လလို့ပြောထားတယ် .... အန်တီ မယုံနိုင်ဘူး ထွန်းထွန်းရယ် ..... ကောင်းကောင်းက ဒီလတွေမှာ တက်ကြွဖတ်လတ်ပြီး လူကောင်းလေးတစ်ယောက်လို ဖြစ်လာခဲ့သေးတာလေ "
" တစ်ခုခုတော့ လုပ်မြှဖစ်တော့မယ် အန်တီ "
ထွန်းထွန်းနဲ့အမေ နှစ်ယောက်သားကသာတိုင်ပင်နေတာ .... ဉီးဝေက လက်သင့်ခံပါ့မလားလေ ..
" အင်း ..... "
အသံသဲ့သဲ့နဲ့အတူတူ လူးလွင့်လာတဲ့ ဉီးဝေ .... မျက်တောင်တို့ တဖျတ်ဖျတ်ခက်ကာ နဖူးပေါ်က လှိုင်းတွန့်ဆံပင်တွေကို လက်နဲ့ ထိခတ်ရင်း ကုတင်ပေါ် ငုတ်တုတ်ထိုင်လာပါတဲ့ ဉီးဝေ ..
" အမေ "
" ကောင်းကောင်း နိုးပြီလား ဗိုက်ဆာလား အမေဘာလုပ်ပေးရမလဲ "
" ဒါတွေက ဘာတွေလဲ "
လက်ကတန်းလန်းအပ်ကို ဆွဲဖြုတ်ကာ ကုတင်ပေါ်ကမတ်တပ်ရပ်ထသည် ..... ၃ရက်လုံးလုံး မလှုပ်မယှက် အိပ်မောကျနေသူမို့ ခြေထောက်က ယိုင်နဲ့ကာ ခွေလဲကျသည် ...
ထွန်းထွန်းကြည့်မနေနိုင်တော့ ... ကောင်းကောင်းကို ကုတင်ပေါ်ပွေ့တင်ရတော့သည် ...
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...