For Zawgyi
(A/N ဇာတ်လမ်းအသွားအလာအရ ဤအပိုင်းတွင် အသုံးအနှုန်းအနည်းငယ် warning ပေးပါသည် ... )
ဒီတစ်ခါတော့ နှစ်ဉီးတည်း ထွက်လာခဲ့ခြင်း...... ကျုံပါချောင်းက အရင်အတိုင်း သာယာဆဲပါပဲ ...
မန်းကျည်းတန်းတွေဆီကို ကွစ်ပျစ်ပေါ်ကနေ ထိုင်ရင်း ကြည့်နေကြခြင်း...
ရင်ခွင်ထဲက အကောင်ပေါက်လေးကို ထွေးပွေ့ထားရင်း စိုးခန့်မေးမိသည်...
" ပျော်လား "
" ပျော်တာပေါ့ မောင့်နားမှာ ရှိနေရတဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ဉီးဝေက ပျော်ပြီးသား "
" တီ တီ ... တီ တီ "
ဖုန်းသံက အရေးအကြောင်းဆို ဒိန်းဒေါင်း ဖျက်သလို...
" ဖုန်းကိုင်လိုက်လေ "
" အင်း ခဏထိုင်နေဉီးနော် မောင် ရေနွေးပူပူတစ်ခွက်ယူခဲ့ပေးမယ် "
" ဟုတ် "
ခေါင်းလေးညိတ်ကာ ပြုံးပြတဲ့ ကလေးငယ်ကို သူအသာ နမ်းမွှေးတော့ ကလေးငယ်က ငြိမ်ခံသည်...
" ဟယ်လို "
" ကိုခန့် ဘယ်ရောက်နေတာလဲ ဒီနေ့ လက်စွပ်သွားရွေးမယ်လို့ နိုးနဲ့ တိုင်ပင်ထားတဲ့ဟာကို "
အာ .... ဟုတ်သားပဲ ..... လာမဲ့လအတွင်း မင်္ဂလာပွဲကျင်းပဖို့အထိ သူတို့ အလျင်အမြန် တိုင်ပင်ထားခဲ့တာလေ ....
" အာ sorry နိုးရာ ကိုယ်ခရီးတစ်ခုထွက်နေလို့ ... ပြန်လာမှ လိုက်ဝယ်ပေးမယ်နော် "
" ကိုခန့်ကကွာ ... ဖိတ်စာကိစ္စတွေလည်းလုပ်ရဉီးမှာကို .... ဘာလဲ စိတ်မပါဘူးလား ... "
" ဘာလို့စိတ်မပါရမှာလဲ နိုးရာ... ကိုယ်မနက်ဖြန် ပြန်လာမယ်လေ နော် "
" တကယ်နော် "
" တကယ်ပေါ့ နိုးရဲ့ "
" မျှော်နေမယ် "
" ဟုတ်ပါပြီကွာ "
ဖုန်းချကာ ဖုန်းကို စက်ပိတ်ပစ်လိုက်သည်.. ခပ်လှမ်းလှမ်းက စားပွဲပေါ်မှာ ဉီးဝေရဲ့ဖုန်းကိုပါ သူတစ်ခါတည်းပိတ်လိုက်သည် ..
ဘာအနှောင့်အယှက်မှ သူမလိုချင်ဘူး ...
" မောင် ဘာလုပ်နေတာလဲ "
CZYTASZ
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Tajemnica / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...