45

2.5K 213 12
                                    

For Zawgyi

" Hello အောင်ထွန်း ထွန်းထွန်းရေ ငါတို့မနက်ဖြန် လာမှာမို့ ကားဂိတ်ဆင်းကြိုဉီး .... "

" အင်း "

ဒီသူငယ်ချင်းနှစ်ယောက်က ဘာဆိုဘာမှ မသိကြသေး...

" ကောင်းကောင်းပါ ခေါ်ခဲ့ဟာ ပြီးကျရင် တစ်ခါတည်း အပြင်မှာ တစ်ခုခုထွက်စားရအောင် "

" ငါနင်တို့ကို ပြောစရာရှိတယ် လာကြိုမှ ငါပြောတော့မယ် ... ဂရုစိုက်ကြ ခရီးမှာ "

" အွန်းပါ "

ဖုန်းချသွားပြီးတဲ့နောက် အောင်ထွန်းသက်ပြင်းလေး ချလိုက်တယ် ....

" ကောင်းကောင်း ... ငါသူတို့ကို ဘယ်လိုပြောထွက်ပါ့မလဲ "

ထွန်းထွန်းရေမိုးချိုးအဝတ်အစားလဲကာ ကောင်းကောင်းရဲ့အိမ်ဘက်ထွက်ခဲ့သည်...

အန်တီက အိမ်မှာ မနေချင်တော့ဘူး ..... ပစ္စည်းတွေ သိမ်းထားပြီးနေပြီ... အန်တီ့ညီမအိမ်မှာ သွားနေတော့မှာ ....လက်ရှိအိမ်က ကောင်းကောင်းနဲ့အန်တီ နှစ်ယောက်တည်း နေခဲ့တာဖြစ်လို့ အန်တီက သားဖြစ်သူကို သတိရတိုင်း ငိုနေတာလေ ...

အားလည်းနည်းနေတာမို့ ညီမဖြစ်သူက အန်တီ့ကိုပြန်ခေါ်တာဖြစ်သည်......

ထွန်းထွန်းကို ညစာလာစားဖို့ အန်တီကခေါ်ထားတာမို့ လာခြင်းဖြစ်၏။ ပြီးတော့ ကျောင်းဖွင့်တော့မှာမို့ ... ကောင်းကောင်းကို ကျောင်းထုတ်ရဉီးမည်။ ဤသည်က အစဉ်အလာ။

" အန်တီရေ "

သူရောက်သွားတဲ့အချိန်မှာ အန်တီတစ်ယောက်တည်းမဟုတ်ဘူး .... သူမတွေ့ချင်တဲ့နှစ်ယောက်ပါ ရှိနေတယ် .... သူဒီလူတွေနဲ့ စကားမပြောချင်ဘူး......

ဒါပေမဲ့ အန်တီကတော့ လူကြီးမို့လို့ထင်ပါရဲ့ ..... မျက်နှာတို့မကောင်းပေမဲ့ လက်ခံစကားပြောနေရတယ် ...

သူဧည့်ခန်းမှာမထိုင်တော့ပဲ ထမင်းစားခန်းဆီတန်းသွားဖို့ပြင်လိုက်တယ် .... ဒါပေမဲ့ ..

" သားရေ ဒီကိုခဏလာပါဉီး "

အန်တီကခေါ်မှတော့ သူမသွားလို့မဖြစ်ပြန်ဘူး ...

" ဟုတ်ကဲ့ "

သူလာတာမြင်တော့ ထိုလူနှစ်ယောက်က သူ့ကိုလှည့်ကြည့်လာသည် ... တစ်စုံတစ်ယောက်ကတော့ မျက်လုံးတွေ ဖောင်းအစ်ကာ သူ့ကိုကြည့်သာကြည့်နေသည် ... မြင်ပုံလည်းမပေါ် ...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Onde histórias criam vida. Descubra agora