For Zawgyi
ထွန်းထွန်းတစ်ယောက် ကားဂိတ်ကနေ မေနှင်းနဲ့ဝေဇင်းကို သွားကြိုလာပြီး အဆောင်ကိုပို့ပေးပြီးပြီဖြစ်သည် ...
သို့သော် စတွေ့ကတည်းက စကားတစ်ခွန်းမပြောပဲ တည်ငြိမ်ပြတ်သားနေသော မျက်နှာထားကြောင့် မေနှင်းရောဝေဇင်ပါ ဘာမှမပြောဖြစ်သေးပေ..
ကောင်းကောင်းမပါလာတာသိပေမဲ့ မမေးနိုင်သေး ...
သူတို့နှစ်ယောက်လုံးစိတ်ထဲမှာတော့ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ထားတာများလားဆိုပြီး တွေးနေမိသည် ...." အဝတ်အစားတောက်တောက်ပြောင်ပြောင်မဟုတ်တဲ့ ပုံစံ ပြောင်းဝတ်လာခဲ့ ငါတို့သွားစရာရှိတယ် "
ထိုထိုသောစကားတစ်ခွန်းသာ ပြောပြီး ကားထဲမှာ ကျောက်ရုပ်တစ်ရုပ်လို ထိုင်ကျန်နေခဲ့သည်....
သူတို့နှစ်ယောက်လုံး ကားပေါ်ရောက်တာနဲ့ စကားတစ်ခွန်းထပ်မဆိုတော့ပဲ ထွန်းထွန်းက ကားမောင်းထွက်လာတော့သည်...
သူတို့ရောက်နေတဲ့နေရာက မီးသဂြိုလ်စက်.... ထွန်းထွန်းက ကားပေါ်ကမဆင်းသေးတော့ သူတို့နှစ်ယောက်လုံး ငုတ်တုတ်ကြောင်တောင်တောင်နဲ့ ဆက်ထိုင်နေဖြစ်သည်...
ထွန်းထွန်းက ဘယ်ဘက်ပါးပြင်ကို လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တာမြင်မှ ထွန်းထွန်းငိုနေတာ သူတို့သတိထားမိတော့သည် ...
" ထွန်းထွန်း "
ရှေ့ခန်းဘေးခုံမှာ ထိုင်နေတဲ့ ဝေဇင်က ထွန်းထွန်းလက်မောင်းကို ပုတ်လိုက်တော့ အသံတို့ပါ တအိအိထွက်လာသည် ...
ထွန်းထွန်းက စိတ်ဓာတ်ကြံ့ခိုင်းတယ် ... သူတို့လေးယောက်ထဲမှာ ထွန်းထွန်းက အဖေတစ်ယောက်အစ်ကိုတစ်ယောက်လို သူတို့ကို ဂရုစိုက်ပေးတာလေ ....
ငိုဖို့မပြောနဲ့ စိတ်အားတောင်ငယ်တတ်တဲ့သူမဟုတ်ဘူး ... ဒီလိုလူက သူတို့နှစ်ယောက်ရှေ့မှာ မျက်ရည်တွေစီးကျနေပြီး အသံတိတ်ငိုနေတာတဲ့လား ...
မေနှင်း မျက်နှာတစ်ချက် ပျက်ကျသွားတယ် ...
" ထွန်းထွန်း ငါထင်နေတာ မဟုတ်ဘူးလို့ပြောစမ်းပါ .... "
KAMU SEDANG MEMBACA
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Misteri / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...