For Zawgyi
" ကိုစိုးခန့် "
" အမ် "
ဘာလဲ ကိုစိုးခန့်က ဘာလို့သူ့ကိုတွေ့တာနဲ့လန့်နေရတာလဲ ...
" ကြည့်ပေးထားနော် အစ်ကိုသွားစရာရှိလို့ "
ပြူးပြဲကြည့်နေတဲ့ ကောင်လေးက သူ့ကိုအမဲဖျက်တော့မလိုပဲ ... တော်ပြီလေ ... လူမှားတာ ခွေးပေါက်နဲ့ဆိုတော်သင့်ပြီ ....
ကိုကို ... မင်းဘယ်နှစ်ယောက်နဲ့တောင် ကြိုက်နေတာလဲ ...
" ခဏနေပါဉီး ကိုစိုးခန့် "
" ဟို ဒီက ငါ့ညီ ... အစ်ကိုကလေ "
" ကောင်းကောင်း နေမကောင်းဘူး ... အစ်ကိုက အဲ့ဒါကို ဟိုမိန်းမနဲ့ ... "
" ကောင်းကောင်းနေမကောင်းဘူးလား "
" ခင်ဗျား .... ဟွန်း ... ဟုတ်တယ် "
ခွေးပေါက်လေးက နေမကောင်းဘူးတဲ့လား.... ဟိုမိန်းမဆိုတာ????
သူ့ရှေ့က ကောင်လေးက ဒါဆို ခွေးပေါက်ရဲ့သူငယ်ချင်းလား ...
" ကောင်းကောင်းက အစ်ကို့ကိုပဲ မေးနေတယ် ... အစ်ကိုလိုက်ခဲ့မြှဖစ်မယ် "
" ဟာ ဟိတ် "
သူ့စကားတို့ဆုံးအောင်မစောင့်ပဲ ကောင်လေးက သူ့ကိုဆွဲခေါ်သွားပြန်တော့သည် ...
" ခဏ "
" အစ်ကို့ကားကိုထားခဲ့လေ ကျနော်နဲ့ပဲ တစ်ခါတည်းလိုက်ခဲ့ "
မထူးတော့ပါဘူး ... ဘာပဲဖြစ်ဖြစ် ခွေးပေါက်လေး နေမကောင်းဘူးဆိုတော့ သူလည်းစိတ်မကောင်း ... ကိုကို့ကိုလှမ်းခေါ်ဖို့ကလည်း မဖြစ်နိုင် ... ကိုကိုဒီနေ့ နိုးနိုးနဲ့အတူ ဝတ်စုံသွားကြည့်နေတာ ...
" အင်း "
ကားမဟုတ်တဲ့ဆိုင်ကယ်ကတော့ နေပူပူမှာ ကော့လို့ ...
သနားပါတယ် ဖေ့သမီးလေး .. ဒီနေ့တစ်ရက်တော့ နေအပူခံပေးနော် ...
" အပေါ်သာတက်သွားလိုက် ကျနော် အန်တီနဲ့စကားပြောစရာရှိလို့ "
" အဲ ဟို ... "
သူ့စကားကို ဆုံးအောင်နားမထောင်ပဲ ထိုကောင်လေးက ထွက်သွားနှင့်ပြီ .... ဘာလဲ ... ဘယ်အခန်းလဲ..
YOU ARE READING
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...