28

2.5K 256 7
                                    

For Zawgyi

နေ့တစ်ဝက်လောက်မောင်းလာခဲ့ပြီးတဲ့နောက် ကျုံပါချောင်းဝဆိုတဲ့ ရွာလေးကိုရောက်ခဲ့လေပြီ ...

ဒါက စိုးခန့်ရဲ့ အဖိုးအဖွားတွေ ရွာဖြစ်ပြီးတော့ စိုးခန့်တို့ကအရင်တုန်းကဆို တစ်နှစ်နှစ်ခါလောက် မိသားစုလိုက် လာလည်တတ်သည် ...

အခု အဖိုးအဖွားတို့ကမရှိတော့ ... သူတို့လည်းရွာကိုမရောက်တာ ၄နှစ်လောက်ရှိတော့မည်..

ရွာလေးက သိပ်သာယာသည် ..

စိုးခန့်တို့ငယ်စဉ်က ရွာကိုလာတဲ့အခါ ရန်ကုန်ကနေ ပဲခူး. ပဲခူးကနေ ဝေါ .. ဝေါကနေမှတဆင့် လှေနဲ့ ကျုံပါချောင်းဝကို လာရသည်..

ရွာလေးမှာ မန်းကျည်းပင်တန်းတွေနဲ့ ... နွားလှည်းတွေနဲ့ .. လယ်ယာစိုက်ပျိုး​ကြပြီး... ခြေတံရှည်အိမ်တို့က ရေနံချေးဝလို့ ...

ရွာလယ်လမ်းမကို လှည်းတို့ဖြတ်သွားပြီဆို ဖုန်လုံးကြီးတွေ တလိမ့်လိမ့်နဲ့...

စိုးခန့်တို့ အဖိုးအဖွားအိမ်က ရွာ၏ တစ်ဖက်ထိပ်တွင်ရှိသည် .... ထိုအိမ်ပြီးရင် လယ်ကွင်းတွေက တမျှော်တခေါ် ...

လယ်ကွင်းနဲ့ မန်ကျည်းတောကို ဖြတ်လာတဲ့လေနုအေးက လတ်လတ်ဆတ်ဆတ်..

" ရောက်ပြီ ... အောင်ထွန်း ဉီးဝေကိုနှိုးလိုက်ပါဉီး "

" ကောင်းကောင်း အိပ်မောကျနေတယ် အစ်ကို "

" ဟုတ်လား "

စိုးခန့် ခါးပတ်ကိုဖြုတ်ကာ အနောက်ဘက် ကျော်ကြည့်တော့ ...

အဟုတ်ကို အိပ်မောကျနေသည်..

" ဒါဆို အစ်ကို အခန်းပြင်ထားလိုက်မယ် ... ပြီးမှ အစ်ကိုပြန်လာခေါ် ... "

" လက်ပြောင်းရင် နိုးသွားပါဉီးမယ် ... ကောင်းကောင်းက အိပ်ရေးမဝရင် ခေါင်းကိုက်တတ်တယ်.. ကျနော်ပဲခေါ်ခဲ့ပေးမယ် "

" အင်း အဲ့ဒါဆိုလည်း ကိုယ်သွားပြီ "

မှတ်ထားရပေဉီးမှာပေါ့ အချက်တစ်ချက် ...

အိမ်က ပိတ်ထားတာတော့မဟုတ် ... အိမ်ကို လာစောင့်အိပ်ပေးတဲ့ ဆွေးမျိုးနီးစပ်တွေ ရှိသည် ...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ