For Zawgyi
ဆေးရုံကဆင်းတာဖြင့် တစ်ပတ်ရှိပြီ ... နောက်သုံးရက်ဆို ကျောင်းတွေလည်း ပြန်ဖွင့်ပြီ .. ကိုကိုက အိမ်တွင်းပဲအောင်းနေသည် ... သူအခန်းထဲဝင်သွားတိုင်းလည်း တစ်ယောက်တည်းစကားပြောနေသည် ...
" ကိုကိုထမင်းစားရအောင် "
" မစားဘူး "
မစားဘူးတစ်ခွန်းပြောကာ သူ့ကိုလှည့်ပင်မကြည့် ....
အခန်းထဲဝင်ဝင်ချင်းအေးစိမ့်သွားရကာ ပြတင်းပေါက်တွေလည်းပိတ်ထားသည် ..
သူ Aircon ခလုတ်လိုက်ရှာပေမဲ့ aircon က ပိတ်လျက်သားကြီး ...
မိုးတွင်းကအခုမှစတာလေ ... ဟုတ်တိပတ်တိတောင်မိုးမရွာသေးပါဘူး ... ဒါပေမဲ့ ဘာလို့ ဒီလောက်အေးစိမ့်နေတာပါလိမ့် ...
ပြတင်းပေါက်ဆီ လှမ်းလိုက်တဲ့ လက်တွေက ရိုက်ချခံလိုက်ရတယ် ... အရင်ကလည်း ခဏခဏ အရိုက်ခံရဖူးပါတယ် ... ဒါပေမဲ့ ဒီလောက်မနာပါဘူး ..
" ကိုကို ဘာလုပ်တာလဲ "
" မင်းကိုဘယ်သူကဖွင့်ခိုင်းလို့လဲ "
ကိုကို့ကြည့်ရတာ ရန်လိုနေသလိုပဲ ...
" ကိုကို "
" မဖွင့်နဲ့ "
" ဘာလို့လဲ ဖွင့်မှ လေလေးဘာလေးဝင်မှာပေါ့ "
" ဉီးဝေက မကြိုက်ဘူး "
" ကိုကို "
မဖြစ်တော့ဘူး ... ကိုကိုတကယ်ပဲ လက်မခံနိုင်သေးတာလား ...
" ခဏခဏခေါ်မနေနဲ့ ဉီးဝေ အိပ်နေတယ် ... "
" ဉီးဝေမရှိတော့ဘူးလေ ဉီးဝေကသေပြီလေကိုကိုရာ "
ရုတ်တရက် ဆွဲဆောင့်ခံရတာနဲ့ အတူတူ သူ့ကိုယ်လုံးက နံရံမှာ ကပ်သွားရသည် ...
အိမ်တွင်းအောင်းနေတာတောင် စိုးခန့်က အားအင်တစ်စက်မှမလျော့သလိုပဲ ...
အစ်လာသော လည်ပင်းကြောင့် သော်ခန့်အသက်ရှူမဝတော့ ...
" ငါ့ကိစ္စတွေ ဝင်မပါနဲ့လို့ပြောထားတယ်နော် ... "
" မဟုတ်သေးဘူးလေ ကိုကို ... ကိုကိုဘာလို့ခေါင်းမာနေတာလဲ.. ခွေးပေါက်လေးက သေပြီလေဗျာ "
![](https://img.wattpad.com/cover/200619540-288-k134769.jpg)
VOCÊ ESTÁ LENDO
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mistério / Suspenseအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...