For Zawgyi
" Arr Har "
ရုတ်တရက်ထွက်သွားတဲ့သူ့အသံကြောင့် တခြားသူကြားမှာစိုးပြီး လက်နှစ်ဖက်နဲ့ပါးစပ်ကိုအုပ်လိုက်ရတယ် ....
စီနီယာကတော့ ဘာကိုမှဂရုမစိုက်သလိုပဲ သူ့နားရွက်ကို ဝက်သားတုတ်ထိုးဆိုင်က ဝက်နားရွက်များမှတ်လေသလားမသိ... တတိတိနဲ့ကိုက်နေတာက သူ့အတွက်ခံစားရအင်မတန်ခက်လှစေသည် .....
ကိုက်နေရုံနဲ့မပြီးဘူး...
သူဝတ်ထားတဲ့လက်တိုအောက်ကို စီနီယာရဲ့ လက်အေးအေးတွေက ဝင်ရောက်လာပြန်သည်... ကြက်သီးမွေးညှင်းတွေတင်မက နားထင်မွှေးတွေပါ ထောင်လာသည်အထိ...
သူတဆတ်ဆတ်တုန်ယင်လာပြီး တောင့်တောင့်လေးထိုင်နေတဲ့သူက စီနီယာဆီကို အရိုးမပါတဲ့ ပက်ကျိလေးတစ်ကောင်လို ပျော့ခွေနေလေပြီ..
နားရွက်ကို ကိုက်နေရာမှ လျှာဖျားနဲ့လာတို့နေတော့ သူ့လက်တွေ တစ်ဖက်နဲ့တစ်ဖက် ဆုပ်ကိုင်ထားလိုက်ရသည်...
အား.... သူမနေတတ်တော့ဘူး ..
" မောင် "
" ဟင် "
အသံလေးထွက်ရုံ ဟင် လို့ဖြေလာတော့ သူ့မှာ တစ်မျိုးရင်ခုန်ရပြန်သည်...
စီနီယာက သူ့ကိုတွေ့တိုင်း တတိတိကိုက်စားချင်လာတာက သူ့စစ်ဆင်ရေးအောင်မြင်တာလို့ပြောလို့ရပေမဲ့ .... မကြာခင် သူပရုပ်လုံး ဖြစ်ရပေလိမ့်မည် ...
" ဉီးဝေ မနေတတ်တော့ဘူးဗျာ .... "
" ...... "
ဘာစကားမြှပန်မလာပဲ သူ့ခေါင်းကဆံပင်တွေထဲ နှာခေါင်းနှစ်ပြီးနမ်းနေပြန်သည်.....
" ဉီးဝေကို ဒီလိုတွေမလုပ်ပါနဲ့တော့ ... နော် မောင် "
သူငိုသံပါကြီးနဲ့ပြောလိုက်တော့ စီနီယာ အသိဝင်သွားရပုံရသည်...
သူ့ပုခုံးပေါ်ခေါင်းမှောက်ချ ပြီးတော့ လက်တွေက ပြန်ငြိမ်သွားသည်...
" မောင်တော့ ခက်နေပြီ ဉီးဝေရာ "
" ဘာလို့လဲ မောင်ဘာဖြစ်လို့လဲ ဟင် "
သူခေါင်းပေါ်မေးတင်ကာ စီနီယာက ပိတ်ကားပေါ်ကြည့်သည်.... ပြီးတော့ တိုးတိုးဖွဖွလေးပြောပြန်သည်...
VOUS LISEZ
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystère / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...