26

2.5K 270 5
                                    

For Zawgyi

မနက်ကတည်းက စောစောလာပြီး မနက်စာစားဖို့ ဉီးဝေက စိုးခန့်ကိုခေါ်ထားသည် ...

ဒီတေါ့နိုးနိုးကို သော်ခန့်လိုက်ပို့ပေးနိုင်ဖို့ပဲ အကူအညီတောင်းလိုက်ရသည် ...

ကားကို ဖြည်းဖြည်းမောင်းလာခဲ့ပေမဲ့ ... လမ်းတစ်လျှောက် သူ့မှာ အာရုံတွေက နောက်လျက်ရှိသည် ...

ညက ဖုန်းဆက်တုန်းက ဉီးဝေ ပြောခဲ့တဲ့စကားတွေနဲ့ ပတ်သက်ပြီး သူ့မှာ ဒီမနက် ဒီအိမ်ကိုလာရနိုး မလာရနိုး သူစဉ်းစားနေခဲ့ရတာ ..

မလာပြန်ရင်လည်း ဉီး​ဝေကိုခေါ်ထုတ်သွားလို့ရမှာမဟုတ် ...

မနေ့ကညတုန်းက ...

" မောင် "

" အင်း ပြောလေ ဉီးဝေ "

" မနက်ဖြန် မနက်ကျရင် အိမ်ကိုလာခဲ့လို့ရတယ်မလား "

" ရတာပေါ့ မောင်လာခဲ့မယ်လေ "

" ဟိုလေ "

" အင်း ပြောလေ ဉီးဝေရဲ့ ... "

" အမေ သိသွားပြီ "

" ဟမ် ... ဘာကိုသိသွားတာလဲ "

" မောင်က ဉီးဝေ ချစ်သူဆိုတာ အမေသိသွားပြီ ... အဲ့ဒါ မနက်ကျရင် အိမ်ကိုလာခဲ့ပေးနော် "

" အမေက မောင်တို့ကို တစ်ခုခုပြောသေးလား "

" အင်း ... မောင်လာရင် သိရမှာပါ ... ဒါဆို ဉီးဝေ အိပ်တော့မယ်နော် "

" အင်းအင်း "

အသံတို့ကတော့ နည်းနည်း ပျော့နေသည် ... ပျော်သံတော့မပေါက် ..

သေစမ်းဟဲ့ စိုးခန့် ... ယောက်ျားလေးတစ်ယောက်ကို သဘောကျမိလို့ တွဲမိခါမှ ခုတော့ အိမ်အခေါ်ခံရပြီ ..

သော်ခန့်သာသိရင် နည်းတောင်နည်းသေးတယ်ဆိုပြီး သူ့ကို ခနဲ့နေတော့မှာ ...

ညက ဖုန်းပြောတာပြန်တွေးနေတာနဲ့ပဲ မီးပွိုင့်စိမ်းတာ သတိမထားမိပြန်ဘူး ... နောက်ကားတွေ တပွမ်ပွမ်တီးမှ သူသတိဝင်လာရပြန်တယ် ..

အို သူဒီလိုဖြစ်ဖူးသလိုပဲ ....

ဟုတ်တာပေါ့ အဲ့နေ့က ဉီးဝေ နဲ့သူ ချစ်သူဖြစ်တဲ့နေ့ ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora