11

3.5K 347 10
                                    

For Zawgi

(A/N zawgi font နဲ့အရင်ရေးပြီးမှ unicode နဲ့ရေးထားတာကို တွဲတင်ပါတယ်နော် )

လက်ရှည်နဲ့ဘောင်းဘီရှည်တစ်ထည်ကောက်စွပ်ပြီးတော့ ပိုက်ဆံအိတ်ကောက်ဆွဲထွက်လိုက်သည် ..

အဖော်မပါတစ်ယောက်တည်း Shopping ထွက်ရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပေမဲ့ ဘယ်သူ့ကိုမှမခေါ်ခဲ့တာ ကောင်းတယ်ထင်တာပဲ ...

သူဝယ်မဲ့ပစ္စည်းတွေက နည်းနည်းရယ်ရလို့ ...

စိတ်ကြိုက် အမွှေးနံ့ကိုမွှေနှောက်ရှာပေမဲ့ ဘာကိုမှစိတ်တိုင်းမကျ...

နောက်ဆုံး သူသတိတစ်ခုရသွားတယ် ...

စီနီယာက Lemon အနံ့ကြိုက်တယ် ... စီနီယာဆီက အမြဲတမ်း Lemon အနံ့သင်းပျံ့ပျံ့လေးရတယ်လေ ..

သူတစ်ချက်ပြုံးလိုက်တယ် ...... lemon နဲ့လုပ်တဲ့အလှကုန်တွေ သူအကုန်ယူလိုက်တယ် ...

Delivery ရှိတာကြောင့် သူကိုင်သွားစရာမလိုဘူး...

သူလျှောက်လာရင်းနဲ့ မျက်မှန်ရောင်းတဲ့ဆိုင်ကိုတွေ့လိုက်တယ် ... မျက်မှန်တွေသိပ်လှတယ် ... စီနီယာနဲ့ဆို သိပ်လိုက်မှာ ..

ပုံစံတူ Sunglass နှစ်ခု စိတ်ကြိက်ရွေးထုတ်ပြီးတော့ ဝယ်လိုက်တယ် ..

သူတစ်ရက်လောက် စီနီယာကိုတစ်နေရာရာကို ချိန်းပြီး ဒီလက်ဆောင်လေးကိုပေးလိုက်မယ်လေ .. စီနီယာကြိုက်လောက်မှာပါ...

သူကိုယ်တိုင်တစ်လက်တပ်လိုက်ပြီးတော့ သူထွက်လိုက်တယ် ..
တတိယ နေရာက Hair & care saloon ပဲ ...

သူ့အနေနဲ့ အသေးစိတ် ဂရုစိုက်မြှဖစ်မယ် ...

သူ့ကိုလက်လွတ်လိုက်ရရင် လုံးဝနောင်တရစေမဲ့အခြေအနေအထိ သူပြောင်းလဲဖို့လိုအပ်တယ် ...

အနက်ရောင်ဘိုကေတွေက ရှည်ပြီး နားရွက်ဖုံးချင်နေပြီ ...

သူလိုချင်တဲ့အနေအထားရအောင် သူပုံသွင်းနိုင်တဲ့အတွက် သူကျေနပ်သွားတယ် ...

စိတ်ကြိုက်ပုံစံသွင်းပြီး ထွက်လာတဲ့ဆံပင်တွေက ဆွဲဖွချင်စရာ ... အရောင်တင်ပြီး ဆေးသုံးထားတဲ့အတွက် ဆံပင်တွေက သိုးတစ်ကောင်ရဲ့ ခေါင်းလို နူးညံ့အိစက်နေတဲ့ အထိအတွေ့ကိုပေးမှာအမှန်ပဲ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Where stories live. Discover now