10

4.2K 381 6
                                    

For Zawgyi

တစ်ညလုံး တွေတွေငေးငေးနဲ့ သူ့မှာဘာမှလုပ်ချင်စိတ်မရှိ .. အိပ်ချိန်ဖြစ်ပေမဲ့ သူမအိပ်နိုင် ... အိပ်၍မပျော်ပေ ... မျက်လုံးရယ်ကြောင်တောင်နဲ့ လက်ထဲမှာ ဖုန်းကွဲလေးကိုဆုပ်ကိုင်ပြီး ခေါ်ဆိုသူမရှိတဲ့အဝင်call ကို ခေါင်းမာမာနဲ့ စောင့်နေခဲ့တယ် ..

သူရှုံးသွားပြီ .. လှလှပပကြီးကို သူရှုံးသွားပြီ ...

စီနီယာရဲ့အပျော့ဆွဲပေါင်းသင်းမှုမှာ သူလုံးဝကို ပက်ပက်စက်စက်ကြီးကျရှုံးသွားပါပြီ...

အခန်းတံခါးခေါက်သံကြားတယ် ...အမေဖြစ်မယ် ..

" ကောင်းကောင်း အိပ်ယာကမနိုးသေးဘူးလား မေမနက်စာပြင်ထားခဲ့ပြီ .. ဆိုင်သွားချိန်နီးနေပြီ .. ထတော့နော် "

" ဟုတ် "

သူ့အနေနဲ့ ဟုတ်တစ်ခွန်းထွက်ဖို့က မခဲယဉ်းပါ.. အရင်တုန်းကလည်း အရမ်းအိပ်ချင်နေရင် အိပ်ချင်မူးတူး အားပျော့တဲ့အသံနဲ့ ပြောနေကြပဲလေ ..

အမေက သူ့ကို ဘာမှ သံသယ မဝင်သွားဘူး ..

အောက်ထပ်ကိုဆင်းသွားတဲ့ အမေ့ခြေသံရယ် .. ကားသံရယ် သူကြားတယ် ..

အသံတွေအားလုံပျောက်သွားမှ သူအိပ်ယာထဲက ထလိုက်တယ် .. တစ်ညလုံး စောင်မခြုံပဲ ကွေးနေခဲ့လို့ သူ့ခြေထောက်တွေ ထုံထိုင်းနေပြီ ..

ဒါပေမဲ့ အဲ့ဒီထုံထိုင်းနေတဲ့ ခြေထောက်တွေနဲ့ပဲ သူရေချိုးခန်းထဲဝင်ခဲ့လိုက်တယ် ..

ရေချိုးခန်းထဲမှာ ကိုယ်တစ်ပိုင်းလုံးပေါ်တဲ့ မှန်ချပ်ကြီးရှိတယ် ...

မှန်ထဲကိုသူကြည့်လိုက်တယ် .. အသားညိုညို အရပ်ပုပုကောင်လေးတစ်ယောက် .. မျက်လုံးနက်နက်စွေးစွေးတွေက တစ်ညလုံးငိုထားရလို့ မျက်အိမ်တွေဖောင်းမို့နေတယ် ..

ဘိုကေညှပ်ထားတဲ့ဆံပင်တွေက နည်းနည်းတောင်ရှည်နေပြီ ...

သူမှန်ရှေ့ပြုံးကြည့်မိတယ် ... သွားစွယ်ချွန်ချွန်လေးတွေက သွေးထားသလို ထက်မြနေတယ် ..

ဒါသူ့ရဲ့ ဆွဲဆောင်မှုတစ်ခုပဲ ...

သူကမချောဘူး ... ဒါပေမဲ့ အဲ့ဒီသွားစွယ်တွေပေါ်အောင်ရယ်လိုက်ရင် သိပ်ကိုကြည့်ကောင်းတယ် ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Donde viven las historias. Descúbrelo ahora