54

2.1K 204 9
                                    

For Zawgyi

" attachment ဟုတ်လား "

" အင်း အဲ့ဒါ သိပ်မကောင်းဘူး "

မျက္မှန်အောက်က မျက်လုံးတွေကို သူမမြင်ရတော့ အနည်းငယ်တော့ စိတ်ထဲမှာ ကလိကလိဖြစ်ရသည်...

တစ်သက်လုံးမကွေးပါဘူးလို့ ​ကြွေးကြော်လာသမျှ ဒီကလေးနဲ့မှ စိတ်ယိုင်ချင်နေတာတော့ သော်ခန့်ဝန်ခံသည်...

မထင်မှတ်ထားတဲ့ အပြုအမူတွေနဲ့ သူ့ကို တစ်ခါတစ်လေ စိတ်လှုပ်ရှားစေသည်လေ ...

စကားနဲ့ဖြစ်စေ သူ့ကိုတစ်ခါတစ်လေ စိတ်ကသိကအောင့် ဖြစ်ရလောက်အောင် လုပ်တတ်သေးတာမလား ....

" ဉီး "

" .... "

" ဉီး ဘာတွေ တွေးနေတာလဲ "

သူ့လက္မောင်းကို လာဆွဲကာ အနားကပ်လာပါသော AYO .... သူ့မှာ သူ့စိတ်နဲ့သူမို့ အလန့်တကြားနဲ့ နောက်ဆုတ်ရသည် ...

" ဘာမှမတွေးဘူး မင်းခွင့်တောင်းစရာရှိတယ်ဆို အဲ့ဒါ မြန်မြန်လုပ်လေကွာ "

ဆိုဖာပေါ် ပြန်ထိုင်နေပါသော AYO ကြောင့် သော်ခန့်ပါ မျက်နှာချင်းဆိုင်က ခုံပေါ်ဝင်ထိုင်လိုက်သည် ...

အိမ်ထဲဝင်လာကြသော လူကြီးတွေက သော်ခန့်နဲ့အတူပါလာသော လူစိမ်းကို တွေ့တော့ အနည်းငယ်စပ်စုချင်ယောင်ကြည့်သည်...

" သားပြောစရာရှိလို့ အကုန်လုံး လာထိုင်ပေးလို့ရမလား "

မီးဖိုခန်းဘက်သွားရန် ပြင်နေသော နိုးနိုး ကိုပါ လှမ်းခေါ်ရပြန်သည်..

" နိုးနိုး ဒီမှာလာထိုင်ပါဉီး "

နိုးနိုးကပါ လာထိုင်မှ သော်ခန့်လည်း စိတ်ကိုအရင်ပြင်ဆင်ရပြန်သည် ... သူဘယ်ကစပြောရမည်မှန်းမသိ ...

" သားပဲ ပြောလိုက်ပါ့မယ် "

သူပြောရခက်နေပုံကို AYO က ဝင်၍ ပြောလာသည်...

" ကျနော့်နာမည်က AYO ပါ ကျနော့်ကို အန္ကယ်တို့သိအောင်မိတ်ဆက်ရရင် ခုနတုန်းက အိမ်ကထွက်သွားတဲ့ ဘိုးတော်လိုမျိုးပါ ... "

ဘိုးတော်လို ဆိုတဲ့ စကားအရ AYO အား မင်္သကာယောင် စိုက်ကြည့်​နေကြသော လူတစ်စုဟာ မျက်လုံး​လေးတွေ တလက်လက် ဖြစ်လာသည်...

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Unde poveștirile trăiesc. Descoperă acum