For Zawgyi
( A/N တိုသွားတာသိပါတယ် ... ညကျမှ ထပ်ရေးပေးမယ်နော် )
ဒီနေ့က သင်တန်းသားအသစ်တွေ ထပ်လက်ခံရမဲ့နေ့.... ခေါင်းတွေလည်းခြောက်နေပြီ ... ဆရာတွေက မလာကြဘူး ... လာဖို့လည်မလိုဘူးလေ ... သူသာတာဝန်ခံဆရာမို့လို့လာရတာ...
သူစိတ်ရှုပ်နေတယ် ... မနေ့က သူဆေးရုံမှာ ...
" ဉီးဝေ .. မင်းလား "
သူအသံတစ်ခု တိတိပပကြားလိုက်တာပါ ... လုံးဝသေချာတယ် ..... ရင်းနှီးနေတဲ့အသံ ... ဒါပေမဲ့ အဲ့အသံကြားရကတည်းက နားနှစ်ဖက်လုံး အေးခဲနေခဲ့တာ ..
သူမသေချာဘူး .. အဲ့ဒါက ခွေးပေါက်လေးရဲ့အသံဆိုတာ သူမသေချာဘူး .... ဒါပေမဲ့ တကယ်ဟုတ်တယ်လို့လည်း ထင်နေပြန်တယ် .....
မဖြစ်နိုင်ဘူးလေ ခွေးပေါက်လေးက မရှိတော့ဘူး ... သူနားကြားမှားတာပဲဖြစ်မှာပါလို့ ဘယ်လောက်ပဲတွေးတွေး သူ့နားနှစ်ဖက်လုံးက အေးခဲနေတုန်းပဲ ..
သူတစ်ခန်းလုံးဝေ့ကြည့်တယ် ...
" ဉီးဝေ "
ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူခေါ်ကြည့်တယ် ... အသံတွေ ထပ်မကြားရတော့ပေမဲ့ သူ့စိတ်ထဲမှာတော့တစ်မျိုးကြီးပဲ .... အခန်းထဲက ရာသီဥတုက အပြင်နဲ့မတူပဲ ထိုင်းမှိုင်းနေသလိုပဲ ...
ခေတ်ဟောင်းဆေးရောင်စုံရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုပဲ ..... သူ ကိုကို့ကုတင်တစ်ပတ် ပတ်ကြည့်တယ် ... ဘာမှမထူးခြားဘူးလို့ ထင်ရပေမဲ့ ကိုကိုအိပ်နေတဲ့ ဘယ်ဘက်ခြမ်းက ပိုအေးသလိုခံစားရတယ် ..
လွတ်နေတဲ့နေရာမှာ သူထိုင်ကြည့်တယ် .. အိပ်ခင်းက မနွေးဘူး ... အေးစက်နေတယ် ... သူတွန့်ခနဲတောင်ဖြစ်သွားတယ် ...
" မဖြစ်နိုင်ပါဘူးလေ "
သူကုတင်ကနေခွါပြီး ကိုကို့အတွက် ချိတ်ထားတဲ့ဆေးပုလင်းက ကုန်နေပြီမို့ သူဖြုတ်လိုက်တယ် ...
ပြီးတော့ ကိုကိုအေးနေမှာစိုးလို့ သူစောင်လေးခြုံပေးတော့ သူ့လက်တွေ အေးသွားသလိုပဲ ..
ခေါင်းအုံးပေါ် နေသားမကျ ဖြစ်နေတဲ့ကိုကို့ခေါင်းကို သေချာနေရာချပေးချိန် သူ့ညာဘက်လက်ထိပ်လေးတွေ ကျင်ခနဲဖြစ်သွားရတယ်...
DU LIEST GERADE
သိပ်ချစ်လို့ - သိပျခဈြလို့ ( Completed )
Mystery / Thrillerအချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား... အချစ်ကြီးတဲ့ကောင်လေးတစ်ယောက်ရဲ့ အတ္တနဲ့တွယ်တာမှု... အစွဲဆိုတာ အရမ်းချစ်ဖို့ကောင်းနေတယ်လို့ ထင်ကြည့်ပါလား...