40

2.6K 251 9
                                    

For Zawgyi

အသက်ရှူစရာလည်းမလိုဘူး ... အစာစားစရာလည်းမလိုဘူး...

အဓိက သူဆေးသောက်စရာလည်း ထပ်ပြီးမလိုတော့ဘူး..

သူအခု မောင့်ရဲ့ဘေးမှာလှဲနေတယ် ... မောင့်ကိုဖက်ထားလို့ရတယ် .... သူ့လက်လေးတွေက စစချင်းမှာ မောင့်ကိုဖက်လိုက်တိုင်း ထွင်းဖောက်သွားတယ် ...

သူထပ်ခါထပ်ခါအာရုံစိုက်လိုက်တော့ ... အင်း ... အခု သူမောင့်ကို ထိတွေ့လို့ရလာတယ် ...

မောင်က သူနဲ့အတူတူလှဲနေရင် မနိုးထလာနိုင်ဘူး ...

မောင်နဲ့သူခြေတစ်လှမ်းကွာတာနဲ့ မောင်ကနိုးလာတတ်တယ် ... ဘာလို့လဲတော့သူမသိဘူးပေါ့ ...

သူမောင့်အနားပိုတိုးပြီး ဖက်ထားလိုက်တယ် ...
သူ့နဖူးနဲ့ မောင့်ရဲ့နားက နားကပ်လေးတို့ ထိမိတဲ့အချိန်မှာ ... သူ့စိတ်ကြီး ပိုပြီး ဟာလာဟင်းလင်းဖြစ်သလို ခံစားလိုက်ရတယ် ...

ရုတ်တရက် သူ့အမြင်အာရုံတွေမှောင်သွားသလိုပဲ ....

" ဉီးဝေ "

ခေါ်သံနဲ့အတူ သူ့အမြင်အာရုံတွေ ပြန်ပြီး လင်းလက်လာတယ် ... သူ့မျက်စိရှေ့မှာမြင်နေရတာက ခရမ်းပြာရောင် လာဗင်ဒါ ပန်းခင်းကြီး ...

သူ့ခါးပေါ်ရောက်လာတဲ့ လက်တစ်စုံနဲ့အတူ သူနွေးထွေးမှုကို ခံစားလိုက်ရတယ် ...

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... သူကသေပြီလေ ... နွေးထွေးမှု အေးစက်မှုတွေကို ခံစားရတယ်တဲ့လား ...

သူ့ခေါင်းကလှိုင်းတွန့်ဆံပင်တွေကို နှာခေါင်းလေးနဲ့ထိုးနေတဲ့ လူတစ်ယောက် ...

သင်းပျံ့တဲ့ သံပုရာအနံ့ ..

" မောင် "

" ဘယ်တွေလျှောက်သွားနေတာလဲ ဉီးဝေရယ် ... မောင်လိုက်ရှာနေတာ "

မောင်က သူ့ကိုလိုက်ရှာနေတယ်....

" ဉီးဝေဘယ်မှမသွားပါဘူး မောင့်အနားမှာ အမြဲရှိနေတာလေ "

ပွေ့ဖက်ထားတဲ့လက်တွေက ပိုတင်းကျပ်လာပြီးတော့ မောင့်အသံက အက်ကွဲလာသလိုပဲ ..

" သူတို့ကပြောတယ် "

" သူတို့? "

" အင်း သူတို့ကပြောတယ် ... ဉီးဝေက မရှိတော့ဘူးတဲ့ "

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin