55

2.4K 193 5
                                    

For Zawgyi

လွှတ်ကြစမ်းပါ "

သူဘယ်လောက်အော်နေပါစေ သူ့အသံကိုဘယ်သူမှမကြားနိုင်ဘူးဆိုတာ ဉီးဝေသတိပြုမိသွားလေတယ် ... သူ့ပတ်ပတ်လည်က အရမ်းကို ပူလောင်တယ် ... ဟိုတစ်ခါ ထက် ပိုပြီးပူလောင်တယ် ...

" မင်းဘာလုပ်မိလိုက်လဲ သိလား "

" မသိဘူး လွှတ်ပေး မောင့်ဆီသွားမယ် "

" မင်းကို လူ့လောကထဲ ဝင်မစွက်ဖက်ဖို့ အတန်တန်မှာခဲ့ရဲ့သားနဲ့  ... "

" Reaper တွေရောက်လာတော့မလို့ မင်းသိရဲ့လား "

ငွေရောင်အလင်းတန်းတွေက သူ့ကို သိုင်းချည်ထားမှန်း သူသိလိုက်တယ် ... သူရုန်းလို့မရတော့ဘူး ... ပြီးတော့ သူ့အစွမ်းတွေ သုံးလို့မရတော့ဘူး ...

" မင်းကြောင့် Angel လေး နာကျင်သွားပြီ မင်းကြည့်စမ်း "

စောစောလေးက သူ့အမြင်အာရုံတွေက မြူဖုံးနေသလိုပဲ ဘာကိုမှမမြင်ရဘူး ဖြစ်နေတာ ... အမှန်တော့ သူ့ကိုမမြင်နိုင်အောင်လုပ်ထားတာပဲ ...

ကုတင်ပေါ်မှာ လှဲနေတဲ့ ထိုဆယ်ကျော်သက်ကောင်လေးဟာ အရင်သူနဲ့တွေ့စကလို လင်းလက်တဲ့ ကိုယ်ယောင်တွေ တောက်တောက်ပပရှိနေတာမျိုးမတွေ့ရဘူး ... သိပ်ကိုဖျော့တော့နေတယ် ...

ပြီးတော့ အနွေးဓာတ်လည်းမခံစားရဘူး ...

" သူဘာဖြစ်သွားတာလဲ "

" မင်းကို ထိန်းချုပ်ရတာ သူ့ရဲ့လုပ်နိုင်စွမ်းထက်ကျော်သွားလို့ သူပင်ပန်းသွားတာ "

" သူ သေသွားမှာလား "

" မသေပါဘူး သူ့ဘေးနားက လူသားကိုတွေ့လား "

" အင်း "

" အဲ့ဒီလူသားရှိနေရင် သူမသေနိုင်ဘူး မေတ္တာဓာတ်က သူ့ကို ကုစားပေးနိုင်တယ်လေ "

" ​​ဩော် "

လောကကြီးမှာ လူသားတိုင်းက တစ်နည်းနည်းနဲ့ အချစ်ခံနေရတာပါပဲ ...  သူကလွဲလို့ ..

" မင်းဘာတွေတွေးနေမှန်း ငါတို့သိတယ် ... လူတိုင်းက ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ပါတယ် ... မင်းက အချစ်မခံရတာမဟုတ်ပါဘူး "

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Dove le storie prendono vita. Scoprilo ora