50

2.2K 202 12
                                    

For Zawgyi

(A/N တိုသွားရင် Gomen 😍 )

" ဤကျောင်းတွင် ပညာသင်ကြားခဲ့သော စက်မှုအင်ဂျင်နီယာပထမနှစ် ကျောင်းသား မောင်ကောင်းဉီးဝေ အား ကျောင်းမှ ထုတ်ပယ်လိုက်သည် ... သင် မောင်ကောင်းဉီးဝေသည် ဤကျောင်းနှင့်လုံးဝမသက်ဆိုင်တော့ပါ ... သင့်အနေနှင့် ဤကျောင်းသို့လာရောက်ရန် မလိုအပ်တော့ပါ ... သင်သည် ဤကျောင်းနှင့် လုံးဝမသက်ဆိုင်တော့ပါကြောင်း ကျွန်ုပ်၌ရှိသော အခွင့်အာဏာအရ သင့်အား သုံးကြိမ်တိုင်တိုင် အမိန့်ပေးသည် .. သင်သွားလိုရာသွားနိုင်ပြီ "

ကျောင်းမပြီးသေးခင် သေဆုံးသွားသူ ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်ရသည်က လုပ်နေကျ အစဉ်အလာပင်ဖြစ်သည် ...

သွက်လက်ပြီး ခင်မင်ဖွယ်ကောင်းသည့် ပထမနှစ် စက်မှုကျောင်းသားလေးက နှလုံးရောဂါနဲ့ဆုံးသွားသည်ဆိုတာသာ သူတို့သိသည် ... အမှန်တကယ် ဘာကြောင့် ဆေးရုံမှာတက်နေပြီး အမောဖောက်ရသလဲ ဘယ်သူမှမသိ ... ယုတ်စွအဆုံး အနီးကပ်ပေါင်းသော သူငယ်ချင်းမလေးနှစ်ယောက်ပင်မသိ ...

" ငါတို့ကို ဘယ်တော့ပြောပြမှာလဲ အောင်ထွန်း "

ငိုထား၍ နီရဲမို့အစ်နေသော မေနှင်းနဲ့ဝေဇင်က စကားအပြောမခံပဲ ရှောင်နေသော အောင်ထွန်းကို ယနေ့တော့ ချောင်ပိတ်ဖမ်းလိုက်ကြသည် ...

" ဘာကိုပြောပြရမှာလဲ "

မသိသလို နားထင်ကိုကုတ်ကာ အောင်ထွန်းဖြေတော့ ဝေဇင်က ဟီးကနဲ ငိုချသည် ... မေနှင်းကတော့ အောင်ထွန်းမျက်နှာကို စေ့စေ့ကြည့်လာသည်...

" ဝေ့လည်​ကြောင်ပတ် လုပ်မယ် စိတ်မကူးနဲ့ အောင်ထွန်း ... ကောင်းကောင်းရဲ့ case ကိုကိုင်ခဲ့တဲ့ ဒေါက်တာမြတ်ကိုကိုက ငါ့လေးလေးပဲ "

" သြော် "

သြော်တစ်ခွန်းသာဆိုပြီး ဘေးရှိ လမ်းဘေးအုတ်ခုံတွင် ထိုင်ချလိုက်သော အောင်ထွန်း .... ထိုင်ငိုနေသော ဝေဇင်ကိုပါ တစ်ရှူးလေး ထုတ်ပေးလိုက်သေးသည် ...

" ဘယ်သူလဲ "

" ဘာကိုလဲဟာ အစမရှိအဆုံးမရှိ "

လွယ်အိတ်ကို ဟိုသည် ပြန်ကြည့်ရင်း ပြန်မေးလာပါသော အောင်ထွန်း .... အဆုံးထိ ဖြေမည့်ပုံမရှိ ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Wo Geschichten leben. Entdecke jetzt