မေမြို့ရဲ့mainလမ်းမ ထက်မှာ ပြိုင်ကားအပြာလေးသည် အရှိန်နှုန်းမြင့်တင်ပြီး မောင်းနှင်နေသည်။ လမ်းမပေါ်ကလူတချို့က အရှိန်မလျော့ပဲ မောင်းနှင်နေသော ထိုကားကိုကြည့်ပြီး လူ့သဘာဝထုံးစံအတိုင်း
"သေချင်နေတာလား" "ကားစီးနိုင်တိုင် ဖင်ယားနေပြန်ပြီ" "အာလာလာ အဲ့လောက်အမြန်မောင်းရလား"
စသည်ဖြင့် ကျိန်ဆဲရေရွတ်နေကြသည်။ထိုကျိန်ဆဲသံတွေကိုမကြားပေမဲ့ ကားလေးပေါ်က ပိုင်ဇေမင်းထက်ကတော့ သူ့အပူနှင့်သူ ဒေါသထွက်ပြီး မျက်နှာထိမျက်နှာထားဟာ တင်းမာနေသည်။
ရုတ်တရက် တစ်ဖက်လမ်းမပေါ်တွင် ရပ်ထားသည့်ကား တစ်စီးကိုတွေ့ကာ ဘာမှစဉ်းစားမနေပဲ ဂငယ်ကွေ့ ကွေ့ချလိုက်လေသည်။ကားပေါ်က ဆင်းဖို့အပြင် ရုတ်ချည်း ပေါ်လာတဲ့မျက်နှာကြောင့်လန့်ဖြတ်သွားရလေသည်။
သေစမ်း!! မော်တော်ပီကယ်...!!"လိုင်စင်ပြပါ.."
ထိုမော်တော်ပီကယ်ကို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ရှုပ်ဟန်ဖြင့် ပိုက်ဆံအိတ်ကို လှမ်းယူပြီး ထုတ်ပေးလိုက်သည်။ ကားလိုင်စင်တော့မဟုတ်...တစ်သောင်းတန် သုံးရွက်ဖြစ်သည်။ သူစကားတွေအများကြီးမပြောချင်တာကြောင့်မို့!
ဩရမောင်သည် ထိုရိုင်းပြတဲ့ လူငယ်ရဲ့အပြုအမူကြောင့် ဒေါသထွက်သွားကာ မေးလိုက်သည်။
"ဒါကဘာလဲ!!"ပိုင်ဇေမင်းထက်က ဟက်ခနဲ ရယ်ကာ ပြန်မေးလိုက်သည်။
"ဘာလဲ နည်းသေးလို့လား..."
ဩရမောင် သည် ဒေါသတို့လှိုက်တက်လာသော်လည်း ကလေးသာသာ ရှိသေးသော ထိုလူငယ်၏ပုံစံကြောင့် စိတ်ကိုချုပ်တီးပြီး ပြောလိုက်သည်။
"ဂငယ်ကွေ့မကွေ့ရလို့ ဟိုမှာဆိုင်းဘုတ် တွေ့လား? ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်တာမို့ အခုရုံးမှာဒဏ်ငွေဆောင်ရမယ်..."ပြောရင်း ချလံ ရေးနေစဉ် ထိုကောင်လေးက ကားပေါ်ကဆင်းလာသည်။
ပိုင်ဇေမင်းထက်သည် သူ့ရှေ့တွင် တွေ့နေရတဲ့ကားအဖြူကြောင့် ထိုမော်တော်ပီကယ်ကို လျစ်လျူ ရှုပြီး ကားပေါ်က ဆင်းကာ အရှေ့သို့လျှောက်သွားစဉ် အားပါပါ လက်တစ်စုံရဲ့ ဆောင့်ဆွဲခြင်းကိုခံလိုက်ရသည်။
![](https://img.wattpad.com/cover/221029065-288-k69488.jpg)
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...