Thadingyut special-2

19.7K 2K 146
                                    

နှစ်တွေလတွေဖြတ်သန်းလာပြီးတဲ့နောက် ဒေါ်မျိုးမျိုးခင်ရဲ့ကျန်းမာရေးက ကောင်းစပြုလာသည်။လုံးဝကောင်းမွန်သွားတာမျိုးတော့မဟုတ်။ သို့သော် ဆေးရုံကနေဆင်းခွင့်ရခဲ့သည်။ ဖြစ်ခဲ့တဲ့ပြသာနာတွေက သူကိုယ်တိုင် ပြုလုပ်ခဲ့တာမဟုတ်တာကြောင့် ငါးနှစ်နီးပါးကြာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်လည်းရရှိခဲ့လေသည်။ အရွယ်နဲ့မလိုက်အောင် ငယ်ရွယ်ပျိုမြစ်မှုတွေကလည်း လုံးလုံးလျားလျားကို ပျောက်ဆုံးသွားပြီးစိတ်ထောင်းကိုယ်ကျေဖြစ်ကာ ကျန်းမာရေးကတော့ ချူချာသွားသည်။

မင်းသခင်ကတော့ သူ့အမေအား မေတ္တာမပျက်..
ရှိုင်းသူအားခွင့်တောင်းတိုင်ပင်ပြီးသူတို့နေအိမ်မှာပဲ ခေါ်ကာပြုစုသည်။မင်းသခင်ကော ရှိုင်းသူပါအလုပ်သွားနေရတာကြောင့် မိခင်ဖြစ်သူအတွက် လုပ်ကိုင်ပြုစုပေးရန် ကောင်မလေးတစ်ယောက်အား နေ့စားပေး၍ခေါ်ထားသည်။
မိခင်ဖြစ်သူစိတ်ကောင်းဝင်နေသည့်အချိန်တွင် သူက မင်းသခင်ဖြစ်ရပြီး စိတ်ဖောက်သည့်အချိန်တွင်တော့ သူက ဇွဲသခင်ပေါ့...
ကျန်းမာရေးမကောင်းတဲ့အမေကိုခေါ်ထားလျှင် ရှိုင်းသူက ငြူစူမလားဟု တွေးပူမိသေးသော်လည်း အထင်နဲ့အမြင်တလွဲစီဖြစ်ခဲ့လေသည်။

မိမိရှေ့မှာသာ ဆိုးသလောက် အမေ့ရှေ့မှာဆိုရင်တော့ သားလိမ္မာလေးလိုပင်။
ရှိုင်းသူတို့အိမ်က မင်းသခင်ကိုလက်မခံပင်မယ့် ရှိုင်းသူကိုတော့ပစ်မထားပေ။
သို့သော်ရှိုင်းသူက ကြွေကြော်ထားသည်။
"သားယောက်ျားမှမပါရင်အိမ်ထဲလုံးဝမဝင်ဘူး"ဟု။

ထိုစကားကြောင့် ရှိုင်းသူဖခင်သွေးတိုးပြီး တပတ်လောက်ဆေးရုံတက်လိုက်ရသေးသည်။
ယခုတော့ စိတ်လျော​့လိုက်ပြီမို့ မင်းသခင်နဲ့ ရှိုင်းသူတို့ အိမ်ရဲ့ဆက်ဆံရေးကလည်း အရင်လောက်တော့မဆိုးတော့ပေ။

ဒီနေ့တော့ ရုံးမှာ ရှိုင်းသူ တစ်ယောက်ခြေ ငြိမ်နေသည်။မမော်ကတောင် "မျောက်ကလေးတစ်ကောင်ငြိမ်ချက်သားကောင်းနေတာ!" ဟုလှမ်းစသည်။

"မမော်...ဆရာ့ကိုသွားပေးမို့လား!"

ရုံးအတွင်းမှာတော့ ရှိုင်းသူက မင်းသခင်အား ဆရာဟုသာခေါ်သည်။ရုံးကလူတိုင်းက သူတို့အခြေအနေကိုသိကြပင်မယ့် စည်းနဲ့ နေသည်။

My Boyfriend is a traffic policeWhere stories live. Discover now