part(29)

29.9K 3.9K 260
                                    

ညနေပိုင်းရောက်တော့ သြရမောင်နဲ့ အတူတူ အကင်လုပ်စားကြဖို့ ပစ္စည်းတွေထွက်ဝယ်ကြသည်။ထပ်ပြီးသိလိုက်ရတာက ကိုသြရက သူ့အဖေနဲ့မနေပဲ တစ်အိမ်သီးသန့်ခွဲနေတာဖြစ်ကြောင်းကိုပင်။လက်ရှိမှာတော့ ရန်ကုန်မှာ တာဝန် ကြနေပြီး ပြင်ဦးလွင်ကိုပြန်လာလျှင် ဒီအိမ်မှာပဲနေသည်။သူ့မရှိချိန်တွင်တော့ အိမ်တွင် အရင် သူ့အမေ လက်ထပ်တည်းက ရှိနေသော ဦးမောင်မောင်ကြီးနှင့်သူ့သား ဖိုးထူး ခေါ်ထူးမောင် က အိမ်စောင့်ပေးသည်။ဖိုးထူးက ၈တန်းကျောင်းသားဖြစ်ပြီး သြရမောင်ကပင် ကျောင်းထားပေးသည်။ပိုင်ဇေသည် သူ့ ရဲ့ မဖြစ်လာသေးတဲ့ကောင်လေးရဲ့ ကောင်းမွန်တဲ့ကြင်အင် လက္ခဏာတွေကြောင့် တစိမ့်စိမ့် ပီတိဖြာနေရသည်။

"ဒါနဲ့ကိုသြရ..ဘာလို့ လောလော""ပြန်သွားတာလဲ"

ပိုင်ဇေက ရေခဲ့မုန့်ကို ပါးစပ်ထဲ ထိုးလျက် မေးတော့
အနောက်ခန်းက မိမွန်နဲ့ခွန်းသ ကပါ ကားမောင်းတဲ့နေရာက သြရကို လှမ်းကြည့်လာကြသည်။

"အကို့ ရဲ့ အကို မနေ့ မနက်က အသည်းအသန် ထဖြစ်လို့လေ... အဲ့တာကြောင့် ချက်ချင်းဆင်းလာလိုက်တာ."

ပိုင်ဇေကခေါင်းလေးငြိမ့်ကာနားထောင်နေသည်။မိမွန်ကတော့ တချက်တည်းတွေးလိုက်မိသည်။သူ့အကို ဒီလောက်အသည်းအသန်ဖြစ်နေတာတောင် ပိုင်ဇေ့အတွက် စာချန်ထားခဲ့ရတာနဲ့... ဟိုတယ် ကို လာကြိုပေးရတာနဲ့...ဒီလောက်ဆိုရင်တော့ ငါထင်သလို ဟွန်းဟွန်း...

"အခုကော သူသက်သာသွားပြီလား"

"အင်း ပြန်သက်သာသွားပါပြီ...အခု အကိုဆေးရုံခဏဝင်မယ်...ဒေါ်လေးကို မုန့်သွားပို့ပေးမို့ နေခဲ့မလား...အပေါ်လိုက်တက်မလား..."

တိုင်ပင်ထားခြင်းမရှိပဲ သုံးယောက်လုံးဝိုင်းအော်ကြသည်။
"အပေါ်လိုက်တက်မှာပေါ့...!!"

"Okok"

ဆေးရုံပေါ်ရောက်တော့ သြရက ဝယ်လာတဲ့မုန့်တွေကိုယူကာ သူ့အကို ရှိတဲ့ အထပ်က nurse များကိုပါလိုက်ဝေလေသည်။ကိုသြရကို မြင်သည်နှင့် ပြုံးပြုံး "" ဖြစ်သွားသော nurse များကို ပိုင်ဇေ ပြူးပြဲကြည့်လိုက်သည်။ငါ့လူကို မျက်လုံးနဲ့တောင်ဆွေမကြည့်နဲ့ ဟုဆိုလိုသည်။သို့သော် ပိုင်ဇေ့ကို တစ်ခါမှမမြင်ဖူးတဲ့ nurse တွေက ဆူပုတ်ပုတ်မျက်နှာလေးကို ချစ်စရာလေး အမျိုးတွေလားဟု ဝိုင်းမေးကြလေသည်။သြရကတော့ ပြုံးရွှင်လို့နေလေသည်။ပိုင်ဇေသည် ပီတိဖြာနေတဲ့သြရကို အမှုန့်ကြိတ်ချင်လာသည်။
ထို့ကြောင့် ခွန်းသကို လက်ဆွဲရှေ့ထုတ်လိုက်ကာ
Nurse လေးတွေကြားအောင်ပြောလိုက်သည်။
"ကျွန်တော်က ကိုသြရအမျိုးမဟုတ်ဘူး... ကိုသြရအမျိုးက ဒီမှာ..."

My Boyfriend is a traffic policeWhere stories live. Discover now