part(30)

32.1K 3.7K 221
                                    

မနက်ခင်းတိုင်းမှာ အကျင့်ဖြစ်ပြီး လုပ်မိတာက ဘေးမှာ လူရှိမရှိ စမ်းကြည့်မိခြင်းပင်။လက်ဖဝါးနုနုက ဘာကို မှမထိမတွေ့မိတဲ့ အခါမှာ ပိုင်ဇေ့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်မိသည်။သူ့ဘေးက နေရာလွတ်လေးက နွေးနေပုံထောက်ရင် အခုမှထသွားတာသေချာလောက်သည်။ ဘယ်နေရာကို ရောက်နေပါလိမ့်ဆိုတာမျိုးတော့ မတွေးမိပါ။သူပြင်ဦးလွင်ကို ရောက်နေပြီး ကိုသြရအိမ်မှာ နေနေတယ်ဆိုတာကို တော့သိပါတယ်။ဇက်ကြောက လေးလေးတောင့်တောင့်ကြီး ခံစားနေရတာမို့ ဘယ်တလှည့်ညာတလှည့် ချိုးလိုက်မိသည်။ အပြင်းကြော ဆန့်ရုံရှိသေးသည် မနေ့က အကြောင်းအရာများက ခေါင်းထဲသို့ တစ်ခုစီ ဝင်လာတာကြောင့် အကြောဆန့်လျက်သား အတောင့်လိုက်ဖြစ်သွားသည်။

"နေပါအုန်း...ငါ့ကောင်လေးကို ဘယ်သူက အသားတွေကင်ခိုင်းနေတာလဲ..."

"နေနေ..မောင်..နေ.. ကျွန်တော်က ပြင်ပေးမှာပေါ့..."

"မလာပါဘူး!! ငါ့ကောင်လေးကို အလုပ်တွေ ခိုင်းထားပြီး အိမ်ရှင်တွေလို တဖြဲနှစ်ဖြဲ ထိုင်စားနေကြတယ်...စားပိုးနင့်မယ့်ဟာတွေ..."

"ဘယ်သူ့ကို မျက်စပစ်ပြနေတာလဲ?? ခွန်းသကိုလား?? ကျွန်တော့်ကိုပြစ်ပြီး ခွန်းသကို မျက်စပြစ်နေတာလား!! ဟိုကောင် မင်းငါ့ကောင်လေးကို စနိုက်ဖို့မစဉ်းစားနဲ့နော်!!"

"မောင့်ကို ကျွန်တော် တကယ်ချစ်တာပါ...အပျော်မကြံပါဘူး..လင်မှတ်မှတ်သားမှတ်မှတ်ပေါင်းပါ့မယ်...ကျွန်တော့်ကို လက်ထပ်မယ်မလားဟင်..."

ဦးနှောက် က memory recall ပြန်လုပ်ပြီး ချိန်မှာတော့ အကြောဆန့်နေတဲ့ ပိုင်ဇေ့လက်တွေ အောက်ပြုတ်ကျသွားသည်။ဗုဒ္ဓေါ! ဘာတွေ...ဘာတွေထက်ပြောမိပြန်တာလဲ??ပိုင်ဇေ ကိုယ့်နဖူး ကို ကိုယ်လက်နဲ့ ရိုက်လိုက်သည်။ဒီအခြေအနေက ဆိုးတာလား မဆိုးတာလား?? အမှတ်တွေကော မရတဲ့အပြင် ရှိတဲ့အမှတ်တွေတောင် လျော့သွားပြီလားး??

ပိုင်ဇေသည် မူးလျှင် အဆင့်သုံးဆင့်ရှိသည်။
ပထမအဆင့်-မမူးတမူး ရီဝေဝေအချိန်...ဒီအဆင့်က ပြသာနာမရှိ။
ဒုတိယအဆင့်-နဲနဲမူးလာပြီး စိတ်ထဲကနေ ပြောချင်တာတွေကို အကုန်ထုတ်ပြောသည့်အဆင့်...ဒါကတော့ ပြသာနာ နည်းနည်းရှိသည်။
တတိယအဆင့်-ဒီအဆင့်ကတော့ တော်တော်ဆိုးသည်။ စိတ်မထင်ရင်မထင်သလို တကိုယ်လုံးချွတ်ပစ်ခြငိး။
မနေ့ကကံကောင်းတာလား ကံဆိုးတာလားမသိ။ထို အဆင့်ထိမရောက်လိုက်ပေ။ပိုင်ဇေသည်ကိုယ့်ကို ကိုယ် တီးတိုးကျိန်ဆဲလိုက်သည်။သူများကနှစ်ခွက်မှမူးလျှင် ကိုယ်က တခွက်နဲ့မူးနေတတ်မှန်းသိရက်နဲ့ စိတ်ကို အလိုလိုက်ပြီး ပေါက်တတ်ကရလုပ်ခြင်းပင်။

My Boyfriend is a traffic policeWhere stories live. Discover now