"တီတီ.."
အသံမြည်လာတဲ့ဖုန်းကို ကြည့်လိုက်တော့ နံပါတ်အစိမ်းတစ်ခုက ပို့ထားခြင်းမို့ မင်းသခင် ဖွင့်ကြည့်လိုက်သည်။
<သခင် ကျွန်တော်ကို ဘယ်ချိန်ထိ ပလစ်ထားမှာလဲ!><ဖုန်းခေါ်နေတာကိုင်လေ!မဟုတ်ရင် အိမ်လိုက်လာရမှာလား>
မင်းသခင်သည် စိတ်ပျက်စွာ ကျွတ်စ်ခနဲ စုတ်သတ်လိုက်သည်။အလိုလိုက်ခံထားရတဲ့ကလေး တွေက အရမ်းတွယ်ကပ်လွန်းတယ်။
ရှိုင်းသူက အရာအားလုံးပြည့်စုံနေတဲ့ကောင်လေး ဆိုပင်မယ်... အချစ်နဲ့ လျှောက်ခဲ့ တဲ့ လမ်း မဟုတ်လို့ မြန်မြန်တစ်ခန်းရပ်လိုက်တာ ပိုကောင်းသည်။ခန္ဓာကိုယ်သာယာမှု ကနေရာတိုင်း မှာ သွားပြန်ရှာလို့ရသည်။ တွယ်ကပ်နေမှာစိုးလို့ မြန်မြန် လက်စဖျက်လိုက်တာကို တောင် မလုံလောက်နိုင်သေးဘူးလား။
<မင်း လိုက်လာရဲ ရင် လိုက်လာကြည့်စမ်းပါ!>မင်းသခင်သည် msg box ထဲကနေ ထွက်လိုက်တော့ ဖုန်း screen တွင် အမြဲတွေ့နေကြ ပုံလေးကြောင့် စိတ်ပင်ပန်းနေတာများပင်သက်သာသွားသလို...
မျက်လုံးများပိတ်သည်အထိ သွားများ ဖွေးနေသည်မထိ ပြုံးနေသော ပိုင်ဇေသည် သူ့ရဲ့လွတ်လပ်မှု....
သူငယ်ချင်းတွေနဲ့စုရိုက်ထားတဲ့ပုံ လေးကိုမှ ဘေးက သူတွေကို ဖြတ်ညှပ်ကပ်ပြီး Photoshop လုပ်ထားရသည်။ပိုင်ဇေ ပါသည့်ပုံတိုင်း သူ့ဆီမှာ ရှိသည်။ ဒီပုံလေးက သူ့အတွက်တော့ ဘာနဲ့မှ လဲလို့မရတဲ့ ပျော်ရွှင်မှုကိုသယ်ဆောင်လာတဲ့ပုံလေးပင်။
Gallery ထဲကို ဝင်ကာ hide လုပ်ထားသည့်ပုံများ ထဲကို ဝင်ကာ တစ်ပုံချင်း ဝင်ကြည့်မိသည်။
အစား စားနေသည့် snap ပုံများ... ဖုန်းသုံးနေသည့်ပုံများ ဘီယာဆိုင်တွင် မူးပြီးမှောက်နေသည့်ပုံများ...
ဒီပုံတွေကို သူရလာခြင်းသည် ပိုင်ဇေ့သူငယ်ချင်း ခွန်းသနှင့်မေမြတ်မွန် တို့ ကြောင့်ဖြစ်သည်။ပိုင်ဇေပါသည့်ပုံတိုင်း fb နှင့် Instagram တွင် လိုက် save ရသည်က အမော....စိတ်ပင်ပန်းနွမ်းနယ်မှုများသည် ပိုင်ဇေနဲ့ တွေ့လျှင် အရည်ပျော်သွားစေနိုင်သည်။ချစ်ဖွယ့်လူသား...
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...