သရမောင်သည် သူတို့အနီးရောက်လာပြီး ကျောင်းသူတချို့ကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
"လိုင်စင်လာလုပ်တာလား""ဟုတ်တယ် မိမွန်က ဆိုင်ကယ်လိုင်စင်လုပ်ချင်လို့တဲ့"
ပိုင်ဇေက အစားဝင်ဖြေပေးလိုက်သည်။
သြရမောင်သည် လူအုပ်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက်
"ဒီလူအုပ်နဲ့ဆို အတန်းချိန်လွတ်သွားလိမ့်မယ်!အကို့ကို အုံနာနဲ့ မှတ်ပုံတင်ပေးခဲ့လိုက်လေ..သူတို့ပြီးသွားရင်လုပ်ထားပေးမယ်"မိမွန်က ခေါင်းငြိမ့်လက်ခံလိုက်ပြီး အိတ်ထဲကနေ လိုအပ်သည့် စာအုပ်များကို ထုတ်ပေးလိုက်သည်။
"ကျေးဇူးနော် ကိုသြရ""ရပါတယ်မလိုပါဘူး"
ပိုင်ဇေသည်သြရမောင် ၏လှုပ်ရှားမှု တစ်ခုချင်းစီကို မလွတ်တမ်းစောင့်ကြည့်နေမိသည်။ဘုရားပေးတဲ့ဆုလာဒ်လား! ဒီလူကဒီလောက်ချောနေရတာ!
"ဒါနဲ့ ကိုသြရက ဘာလို့ဒီကိုရောက်နေတာလဲ"ပိုင်ဇေကမေးတော့ သြရကပြုံးပြုံးလေးပြန်ဖြေသည်။
"လိုင်စင်လာလုပ်တဲ့လူတွေကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း လမ်းစဉ်စာစောင်တွေ လာပို့ပေးရင်း အရင်က ဆရာနဲ့တွေ့လို့ စကားပြောနေတာ""သြော်."
"ဒါနဲ့ကျောင်းဘယ်ချိန်ဆင်းမှာလဲ!"
"လေးနာရီလောက်..."
"ဒါဆို အကိုနဲ့တူတူပြန်မယ်လေ..."
"ရပါတယ် ခွန်းသကိုပဲလိုက်ပို့ခိုင်းလိုက်ပါ့မယ်"
ပိုင်ဇေ့စကားကြောင့်ခွန်းသကခပ်တည်တည်ဝင်ပြောသည်။
"မင်းကိုဘယ်သူကလိုက်ပို့မယ်ပြောလို့လဲ"ပိုင်ဇေ့ရဲ့မျက်စောင်းက ဒိုင်းခနဲခွန်းသစီရောက်သွားသည်။အေးအဲ့မှာ ချွန်ပြီး အရောက်ပို့နေလိုက်!!
သြရက တချက်ရီလိုက်ပြီး
"ဒါဆို ကျောင်းရှေ့မှာပဲ စောင့်မယ်လေ.. အကို့ကိုမတွေ့ရင်ဖုန်းဆက်လိုက်... သွားလုပ်ကူလိုက်အုန်းမယ်နော်"လက်ပြပြီး ထွက်သွားတဲ့ သြရကို ပိုင်ဇေ ပြုံးပြီးကြည့်နေမိသည်။
"အဟမ်း...အဟမ်း... ကိုသြရကျောပေါ် မျက်လုံးကြီး ကပ်ပါသွားပြီ"
YOU ARE READING
My Boyfriend is a traffic police
Romanceမီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး မြင်ပါ ဒဏ်ကြေးအဖြစ် ကိုယ့်နှလုံးသားကိုပေးဆောင်ပါ့မယ် ချလံကတော့ မင်းအချစ်နဲ့ဖြတ်ပေးလိုက်ပေါ့.... သြရမောင် Unicode မီးနီဖြတ်မောင်းတဲ့ယာဉ်ထိန်းရဲဆိုရင် ကိုယ့်ကိုပြေး...