part(43)

28.7K 3.7K 297
                                    

ညနေစာကို သြရက ဦးဆောင်ချက်ပေးပြီး ပိုင်ဇေကတော့ နှမ်းဖြူးသည်။အခုမှသူသတိရသည်က သူ့ဖုန်းကို မဖွင့်ရသေး..အရင်က အမြဲ ဖုန်းကလိနေကြ လူသည် ခုတော့ သြရနားပင် မျော့လိုကပ်နေသည်။
"ကိုသြရ...ကျွန်တော်အိမ်သာခဏသွားလိုက်အုန်းမယ်"

"Oki..လှေကားပေါ် မပြေးတက်နဲ့ချော်လဲမယ်.."

ပိုင်ဇေ wink တချက်လုပ်ပြပြီး စကားနားထောင်စွားနဲ့အိမ်ပေါ်ကိုပြေးတက်ပြီး အခန်းထဲဝင်ကာ ဘယ်ဂျောင်ထဲရောက်နေမှန်းမသိတဲ့ iph လေးကို ဆွဲထုတ်ပြီး power ပြန်ဖွင့်လိုက်သည်။

ဖုန်းအားက သိပ်မကျန်ပမေဲ့ ဝင်စဈဖို့တော့လုံလောက်သည်။အနီရောင်ဖုန်း call တွေကကြောက်ခမန်းလိလိပင်...
လိုင်းဖွင့်လိုက်သည်နှင့်တီတောင် ဆိုတဲ့မြည်သံနဲ့အတူ စာတွေက အတန်းလိုက်ဝင်လာသည်။
"အသာလုပ်ကြပါဟဲ့! အလကားနေရင်း ငါ့ဖုန်းက ဟန်းတော့မယ်"

ပိုင်ဇေ တခုချင်းစီဝင်စစ်ဖို့လုပ်ရင်း နဲ့ မိမွန်ရဲ့ vd call က တန်းဝင်လာသည်။
နှစ်ခါစဉ်းစားမနေပဲ ကိုင်လိုက်တော့ screen ပေါ်တွင် မိမွန်ရဲ့မျက်နှာက ဘွားခနဲ...ပြီးတော့အသံကလည်းဟိန်းခနဲပင်
"ဟဲ့ သေနာကျ! နင်ဘယ်တွေ အလေလိုက်နေတာလဲ?? ငါတို့ဘယ်လောက်စိတ်ပူနေတယ်မှတ်လဲ?"

"ကျစ်!နင်ကလဲ ဇွတ်!"

"ဇွတ်မနေနဲ့ နင်အခုဘယ်မှာလဲ.."

ပိုင်ဇေ သည် မိမွန်ရဲ့အမေး ကို ချက်ချင်းမဖြေသေးပဲ အင်တင်တင်လုပ်နေသည်။ထို့ကြောင့်မိမွန်က သူ့ဘေးပတ်လည်ကို ချက်ချင်း ရိုက်ပြလိုက်သည်။
"ငါအခန်းထဲမှာ တစ်ယောက်ထဲ! ဘယ်သူမှမရှိဘူးပြော!"

"အေး...ငါ တောင်ကြီးမှာ...ကိုသြရနဲ့..."

"အခု ဒီမှာ ဘယ်လောက်မိုးမီးလောင်နေလည်းသိလား...ငါပြောပြမယ်..နင့်ဖားသားကြီးက ခွန်းသအိမ်ကို ရောက်သွားတာဗျာ...အဲ့မှာ ခွန်းသအမေကိုလည်းတွေ့ရော ကိုသြရနဲ့ အမျိုးတွေဆိုတာကိုသိသွားပုံပဲ...တော်တော်သောင်းကျန်းသွားတယ်!ခွန်းသဆို အခု အိမ်ထဲက အိမ်ပြင်တောင် မထွက်ရတော့ဘူး!
သူ့အမေဆို ငါ့ကို ပါဆွဲထည့်လိုက်သေး! ငါနဲ့ပေါင်းလို့ပေါ့ကွာ ဘာညာ..နင့်ဖားသားက ငါ့အိမ်လဲရောက်လာတယ်... ငါ့အမေနဲ့ငါ့အဖေကပြန်စွာပေးလိုက်တော့ ပြန်ထွက်သွားတယ်..ငါလဲ နင်ဘယ်မှာ ဆိုတာတကယ်လဲ သိမှမသိတာဟာ.."

My Boyfriend is a traffic policeWhere stories live. Discover now