part(41)

30.3K 3.6K 573
                                    

မင်းသခင်သည် ငြိမ်သက်နေတဲ့ထမင်းစားဝိုင်းမှာ ဘာကိုမှစားမဝင်သည်အထိကို စိတ်လှုပ်ရှားနေသည်။အခုအိမ်မှာပိုင်ဇေမရှိတာက်ု ဘယ်သူမှမသိသေး...ဘယ်သူ့မှလည်း သင်္ကာမကင်းမဖြစ်ကြသေး။ပိုင်ဇေ့ကို အိပ်နေသည်ဟုပဲထင်နေကြသည်။ခဏကြာတော့ မီးဖိုချောင်ထဲကနေ ထမင်းဟင်းတွေကို ဗန်းနဲ့သယ်ကာ ထွက်လာသော ဒေါ်ကြီးမြကို မြင်သည်နှင့်မင်းသခင် အမြန်ထရပ်ကာ ဗန်းကိုပြေးယူလိုက်သည်။
သူ့ပုံစံကနည်းနည်ူအလျင်လိုနေတဲ့ပုံမို့ ဦးဇေယျနဲ့ ဒေါ်မျိုးမျိုးခင်က ဘာလုပ်တာလဲ ဟူသောအကြည့်ဖြင့်မော့ကြည့်လာကြသည်။ထိုအကြည့်တွေကို မင်းသခင်က တခွန်းထဲနဲ့ပြန်ဖြေလိုက်၏။
"ကျွန်တော်အိမ်ပေါ်မှာပစ္စည်းကျန်ခဲ့လို့! တခါတည်း သွားပို့ပေးလိုက်မယ်"

ဆိုလိုသည်မှာ ယခုထမင်းဟင်း ဗန်းသည် ပိုင်ဇေ့အတွက်ဖြစ်သည်။ကြီးမြသာ အိမ်ပေါ်တက်သွားလျှင် ပိုင်ဇေမရှိတာကို သိသွားနိုင်သည်။

မင်းသခင်ရဲ့စကားတစ်ခွန်းနဲ့ အားလုံးက ဘာသိဘာသာနဲ့ ပုံမှန်အတိုင်းဖြစ်သွားသည်။
ဗန်းကိုယူကာ သူအပေါ်တက်သွားပြီး လူလွတ်နေသည့်အခန်းထဲသို့ ဝင်ကာယူလာသည့်အရာကို စားပွဲခုံပေါ်တွင်တင်၍ အခန်းပတ်လည်ကို စိတ်မချမ်းမြေ့စွာကြည့်လိုက်သည်။အိပ်ယာခင်းတွေစောင်တွေက ကြမ်းပြင်တွင် ပြန့်ကြဲနေသည်။ပိုင်ဇေအဆင်ပြေရဲ့လညးဟု ပြေးတွေးမိသည်။အခုချိန်ဆို သြရမောင် ဆီကို ရောက်နေလောက်ပြီး တနေရာရာကို ထွက်သွားကြပြီလား...
ထိုလူနှစ်ယောက်ကို ဒွန်တွဲပြီးတွေးလိုက်မိသည်နှင့် ရင်ဘတ်ကအောင့်သွားသလိုပင်...
အသည်းကွဲချင်ပင်မယ့်အသည်းကွဲဖို့ အချိန်မရှိနေ...
မနေ့က အမေနဲ့ ဖုန်းပြောနေတဲ့သူကို သူစုံစမ်းရအုန်းမည်။ခန့်မောင်ကိစ္စကော...ပြီးလျှင် ပိုင်ဇေ အိမ်မှာ မရှိတာကို သိသွားပါက ပြသာနာကသူ့ခေါင်းပေါ် အပုံလိုက်ကျလာနိုင်သည်။

အခန်းထဲကမထွက်ခင်မှာ စားပွဲခုံပေါ်တင်ထားတဲ့ ပိုင်ဇေ့ရဲ့ တယောက်တည်းသောပုံကို ယူကြည့်လိုက်သည်။
"မင်းကတော့ လုပ်ချင်ရာလုပ်ပြီး ပျော်နေပြီပေါ့ ညီ"

^°°°^

ညကတည်းက မောင်းလာသည့်ကားသည် မနက်ခင်း ၁၀နာရီလောက်ရောက်တော့ တောင်ကြီးမြို့ကို ဝင်ပြီဖြစ်သည်။

My Boyfriend is a traffic policeWhere stories live. Discover now