part(27)

32.9K 4.1K 162
                                    

နောက်ဆုံးစာမွေးပွဲရက် ကြီး ပြီးသွားပြီ ဆိုတော့ ပိုင်ဇေသည် သြရကို ဘယ်လို ဘယ်ပုံ ဆွဲစိရမလဲ ဆိုတာကို အတော်အတန် တွေးယူရသည်။ရက်ကလည်း ၁၀ရက်သာသာ သာကျန်တော့သည်။အကြံကုန်ဂဠုန်ဆားချက်တဲ့...တစ်ခါတည်း ဆေးခတ်ပြီး ဆွဲဆတ် လုပ်လိုက်ရရင် အကောင်းသားဆိုပင်မယ့် ဟိုက အင်နိုးဆန့်ကြီး! ခဏနေနိုးလာလို့ ကုတင်ပေါ်မှာ တရှုံ့ရှုံ့ငိုနေမှဖြင့် မိမိက လူကြမ်းကြီးဖြစ်အုန်းမယ်။

ပိုင်ဇေနှင့် ကျန်နှစ်ယောက်သည် ကျောင်းကနေ ပြန်သည်နှင့် supermarket တွင် မုန့်လုပ်စားဖို့ အတွက် ခေါက်ဆွဲထုပ်များ အသားများဝင်ဝယ်လေသည်။
ဒီနေ့က စာကျက်ရတာ လွတ်တဲ့ပထမဆုံးရက်ဆိုတော့ အရာအားလုံးက ပန်းတွေပွင့်နေသည်။ဖြေနိုင်တာမဖြေနိုင်တာကအသာထား စာမေးပွဲပြီးဖို့ကပိုအရေးကြီးသည်။
ပီဇာသရဲ ပိုင်ဇေသည် သြရကို ပီဇာ ဖုတ်ကျွေးခိုင်းရန်အတွက်လို အပ်သည်များကို ခြင်းထဲ ကောက်ထည့်လေသည်။
"သူတောင်းစားလေး...နင်ရှင်းရမှာမဟုတ်ဘူး ငါတို့ရှင်းရမှာနော်... ဝေသာလီပြည်က လာတဲ့ပုဏ္ဏားလို အလကားရတိုင်း ဇွတ်ထည့်မနေနဲ့..."

မိမွန်ရဲ့ ခပ်အုပ်အုအ်သတိပေးသံကြောင့် ပိုင်ဇေ ဖြီးပြလိုက်ကာ လက်ကတော့ အရှိန်မသေသေးပေ။ဝင်ငွေလည်း မရှိ Daddy ဆီလည်း ဖုန်းမဆက်ဖြစ်တာကြောင့် အိမ်မြောင် ဖြစ်နေသည့်ဘဝ။ဟိုလူ့နားကပ်...ဒီလူ့နားကပ်...လူစင်စစ်မှ မျော့ ဘဝသို့!!

ပိုင်ဇေတို့သုံးယောက်သား အထုပ်တွေနဲ့ ပြန်လာကြပြီး သြရတိုက်ခန်းရောက်သည့်အခါတွင် မိမွန်နဲ့ခွန်းသက ဆိုဖာပေါ်သို့ပစ်ထိုင်လိုက်ကြသည်။သြရမောင် ကို မတွေ့တာကတော့ စိတ်ထဲ သိပ်မထားနေပါ။အလုပ်မှာ ဟု တွေးထားလိုက်သည်။ပိုင်ဇေသည်အထုပ်များကို မီးဖိုချောင်ထဲ ချပြီး ဟိုနှစ်ကောင်ကို ပြောလိုက်သည်။
"ငါရေအရင်ချိုးနှင့်မယ်... ငါမရှိတုန်း နှစ်ယောက်သားတစ်ခုခုလုပ်မယ်မကျန်နဲ့နော်...တာဝန်မယူနိုင်ဘူး..
"

မိမွန်သည် မျက်စောင်းလှမ်းထိုးကာ
"ခွန်းသကိုပဲ နင်ရေချိုးနေတုန်းလွှတ်လိုက်ရမလား.."
ခွန်းသကခွီး ခနဲထရီသည်။

My Boyfriend is a traffic policeWhere stories live. Discover now