part(39)

28.3K 3.7K 243
                                    


လွန်ခဲ့တဲ့နှစ်တွေ...ပိုင်ဇေမင်းထက်ဆိုတဲ့ ကောင်လေးကော...သြရမောင်ဆိုတဲ့ လူသားကော မဖြစ်လာခင်သေးတဲ့အချိန်က ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့တယ်..
ဖြစ်ရပ်မှန်ဇာတ်လမ်းလို့ပြောရရင်ပို မှန်လိမ့်မည်။

ပြင်ဦးလွင်တွင် အလွန်တရာလှသည်ဟု နာမည်ကျော်လှသော မိန်းမပျိုတစ်ဦးရှိခဲ့ရာ ထိုခေတ်အခါက ကာလသား လူပျို အားလုံးရဲ့ တန်းတန်းစွဲ တဲ့ မိန်းကလေးပင်။ သူမနာမည်က နန်းစန္ဒာကိုတဲ့  စောဘွားမျိုးကနေ ဆင်းသက်လာတဲ့ သူမက လှသည့်အပြင်ကို အိနြေ္ဒရေသိက္ခာနှင့်ပြည့်စုံသည်။

သူမကိုပိုးပန်းကြသည့်ထဲတွင် ပုံမှန်အခြေအနေရှိသည့် သက်ကိုဆိုတဲ့ ပြင်ဦးလွင်သားနဲ့ ဇေယျနိုင်ဆိုတဲ့ ရန်ကုန်သား သူဌေး ပေါက်စလေး လည်း ပါခဲ့လေသည်။အလှပဂေးလေးကို ရဖို့ရန်အတွက် ပြိုင်ဆိုင်ကြရာတွင် သူတို့နှစ်ဦးက ပိုသာခဲ့သည်။ပိုပြီးလည်း မျက်နှာသာပေးခံရသည်။

လူတိုင်းက သူတို့နှစ်ယောက်ထဲက ဇေယျနိုင်နှင့်သာ အကြောင်းပါလိမ့်မည်ဟုထင်ကြသည်။အဘယ်ကြောင့်ဆိုသော် ထိုခေတ်အခါတွင် ဇေယျနိုင်၏ သူဌေးပေါက်စ က အတော်အတန်ဂုဏ်ရှိလေရာ
ပုံမှန် အခြေအနေရှိသည့် သက်ကိုကတော့ ကျန်ခဲ့မည်ဟု...

သို့သော် နန်းစန္ဒာကိုရဲ့ အဆုံးအဖြတ်သည် ကာလသားလူပျိုတွေကြားထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။သူမရွေးလိုက်သည်မှာ သူဌေးပေါက်စ မဟုတ်ပဲ သာမာန်အခြေအနေ သာရှိသည့်သက်ကိုကိုပင်။

ဇေယျနိုင်ကို သူမငြင်းရခြင်းအကြောင်းမှာ မိန်းမပွေ သည်ဟူသော အချက်ကြောင့်ပင်။တကယ်လည်း ဇေယျနိုင်ကမိန်းမ လိုက်စားသည့်လူမျိုးပင်ဖြစ်သည်။ဘယ်လိုပဲပြောပြော... ထင်ကြေး ပေးခံရသူပ မိမိ ဖြစ်ပြီး လက်တွေ့ နှင့်ခြားနားသွားမှုသည် ဇေယျနိုင်ရဲ့ ငယ်သွေးကိုကြွစေသည်။

ထို့ကြောင့် သူ့ရဲ့ ပစ်မှတ်က နောက်ထပ်တစ်ယောက်စီ ဦးတည်ခဲ့သည်။ ထိုသူကတော့ သက်ကို ရဲ့ မွေးစား(မွေးစား) ညီမ ဖြစ်သူ ပိုင်နန်း ကိုဖြစ်သည်။

ပိုင်နန်းသည် မိဘမဲ့ ဂေဟာတွင် ငါးနှစ် ကြာမျှ နေထိုင်ခဲ့သူဖြစ်ပြီး သူမနာမည်ကို သူမကိုယ်တိုင် ရွေးချယ်ပေးခဲ့သူဖြစ်သည်။ ကလေးတယောက်ရဲ့အတွေးနဲ့ ကိုယ်တိုင်ပေးခဲ့သည့်နာမည်သည် တော်တော်လေးကို ဆန်းနေပင်မယ့် ကြားလိုက်တဲ့သူတွေတိုင်းကို အထူးအဆန်းဖြစ်သွားစေသည်။

My Boyfriend is a traffic policeWhere stories live. Discover now