part(6)

38.8K 4.4K 86
                                    

ရန်ကုန် မြို့တော်ဟာပူအိုက်လျက်ရှိပြီး ညနေစောင်းသည့်တိုင်အပူချိန်မလျော့သွားပေ။ ပြီးတော့ မီးကပျက်နေသေးသည်။သြရမောင်သည် ၆ လွှာသို့ ဓာတ်လှေကား မစီးဘဲ လှေကားသုံး၍ တက်လာရသည်။မနက်က ကျန်ခဲ့သည့် ချာတိတ်ကိုသတိရလိုက်ပြီး အခုလောက်ဆိုပြန်သွားပြီ လို့တွေးလိုက်မိသည်။ မီးပျက်နေတာကြောင့်ရယ် အပြင်ဘက်က အလင်ူရောင်သိပ်မရှိတော့တာကြောင့် တဈလမ်းလုံး မှောင်မဲနေပြီး လှေကား လက်ရန်းကိုသာ အားပြုပြီး တက်လာရသည်။ တိုက်ခန်းရှေ့ရောက်တော့ ပန်းအိုးအောက်ကသော့ကိုမယူနေတော့ပဲ အိတ်ထဲကသော့နဲ့သာသံတိုင်တံခါးကြားကနေ အထဲက သော့ခလောက်ကိုဖွင့်လိုက်သည်။

(ရန်ကုန်တိုက်ခန်းတွေတချို့က အပြင်သွားရင်လညျး သံဗန်းကြားကနေအထဲကိုသော့ခတ်သွားတာမျိုးပါ မြင်ရဲ့လားမသိဘူး😁)

တိုက်ခန်း တဈခုလုံးဟာ မှောင်မဲနေပမေဲ့ ပိုင်ရှင်ဖြစ်တဲ့မိမိက ဘယ်နားမှာ ဘာရှိမှန်း သိကာ သော့ပြန်ခတ်ပြီး နေရာတကျပြန်ချိတ်လိုက်လေသည်။အခန်းသို့သွားရာလမ်းကို မှန်းပြီးလျှောက်နေစဉ် ကြီးမာသောအရာတခုကို ခြေထောက်နှင့် တိုက်မိ၍ သြရမောင် အလန့်တကြားထအော်မိလေသည်။

"အမလေး...အမေ့... ဘာကြီးလဲ"

စိတ်ထဲ ထိတ်ကနဲဖြစ်သွားကာ ဖုန်းမီးကို ဖွင့်ပြီးကြည့်လိုက်တော့ ကြမ်းပြင်တွင် ခွေကျနေသော မနက်ကချာတိတ်။သူကမပြန်သေးဘူးလား!!!ဘာလို့ဒီမှာအိပ်နေရတာလဲ။ သြရမောင်သည် ခုနက လန့်စိတ်များ ပျောက်သွားကာ အိပ်နေသည်ဟု ထင်ရသော ချာတိတ်ကို လှုပ်နိုးလိုက်လေသည်။

"ဟိတ်... ချာတိတ်... ထဦး။"

သို့သော် ချာတိတ်သည် လုံးဝမနိုးလာသေးတာကြောင့် တဈခုခုမှားနေပြီလို့ သြရ သိလိုက်သည်။ထို့ကြောင့် ခေါင်းကနေ မကာ ထူ ရန်ပြင်ဆင် လက်တွင် ပါလာသောစီးကပ်ကပ်အရာကြောင့် ခေါင်းပေါက်ပြီး သတိလစ်နေကြောင်း သဘောပေါက်သွားကာ ဟင် ကခနဲဖြစ်သွားသည်။စိတ်ပူပန်မှုတို့ကလည်း တဟုန်ထိုးဆောင့်တိုးလာပြီး ကောင်လေးကို စွေ့ခနဲပွေ့ချီပြီး အခန်းထဲသို့သယ်လာကာ အိပ်ယာ ထက်တွင်ချပေးလိုက်စဉ် မီး ကလည်းပြန်လာလေပြီ။ဈ တခန်းလုံးလင်းကျင်းသွားသည်နှင့် ဖြူဖျော့ဖျော့ မျက်နှာ လေးဟာ သနားစဖွယ်ပေါ်လာသည်။သြရမောင်သည် ဘာကိုမှအရင် တွေးတောမနေဘဲ ဆေးသေတ္တာနဲ့ ရေဇလုံတစ်ခုကိုယူကာ ချာတိတ်၏ခေါင်းအနက်ဘက်ကို သန့်ရှင်းပေးရန်ပြင်ဆင်တော့သည်။အညိုရောင် ဆံပင် တွေဟာ ကပ်နေတဲ့သွေးစ တချို့ကြောင့် အချောင်းလိုက်ဖြစ်နေသည်။ဒဏ်ရာက ချုပ်ရမည့် အခြေအနေမဟုတ်တာကြောင့် သြရမောင် သက်ပြင်းချလိုက်သည်။ ဒဏ်ရာကို ရေနဲ့အရင်သန့်ရှင်းပေးပြီး ဆေးထည့်ပေးချိန်တွင်တော့ စပ်လို့ ထင်ရဲ့ အနည်းငယ် ရှုံ့မဲ့သွားသည်။ စိတ်မကောင်းစရာတစ်ခုကတော့ ပေါက်သွားသည့် နေရာတဝိုက်ကိုတော့ အနည်းငယ်ရိတ်လိုက်ရသည်။ချာတိတ်ကတော့ ဘာမှ မသိစွာနဲ့ဆက်ပြီး အိပ်နေဆဲ။

My Boyfriend is a traffic policeWhere stories live. Discover now