part(38)

28.8K 3.6K 437
                                    

<နက်ဖန် ကိုယ်ပြန်လာခဲ့မယ် ပိုင်...>

ခုံပေါ် တင်ထားခဲ့တဲ့စာရွက်အဖြူ လေးကို ပိုင်ဇေ နှမျောတသသဖြစ်နေမိသည်။ဘာလို့ကျွန်တော့်ကို မခေါ်သွားတာလဲဗျာ။သြရသည် မနက်အစောကြီး ကတည်းက ထွက်သွားသည်လား.. ညနက်သူအိပ်ပျော်သွားသည့်အချိန်ထွက်သွားသည်လားမသိပါ။

ထမင်းဆင်းစားသည့်အချိန်မှလွဲရင် အခန်းထဲကနေပိုင်ဇေ မထွက်...ဘယ်သူ့နဲ့မှလည်း မျက်နှာချင်းမဆိုင်ချင်...အရင်ကတော့ ပြသာနာတက်ရင် ကောင်မလေးတွေဆီသွားပြီး ရန်တွေ့ ပြီး ပြတ်သွားရော..အခုတော့ အိမ်ထဲကနေအိမ်ပြင်ပေးမထွက်တာကြောင့် ချောင်ပိတ်နေသလိုခံစားနေရသည်။

နေ့လည်ပိုင်းလောက်တွင် ပိုင်ဇေအခန်းထဲတွင်မြွေခွေသလိုခွေနေတုန်း မိမွန်နဲ့ခွန်းသရောက်လာသည်။
"ပိုင်ဇေ နင့်ကို အဆက်အသွယ်မရလို့ ငါကိုသြရကိုမေးပြီး လိုက်လာတာ! ဘာဖြစ်တာလဲဟာ"

စိတ်ပူနေတဲ့သူငယ်ချင်းနှစ်ယောက်သည်တစ်စွန်းတစကို ရိပ်မိထားပုံပဲ...နှစ်ယောက်လုံးမျက်နှာမကောင်းကြ...
"Daddy သိသွားလို့... နည်းနည်းပွမ်ရုံပါဟာ"

နွမ်းလျလျအပြုံးနဲ့ပြန်ဖြေတော့ ခွန်းသက ဒေါသ သက်ပြင်းချကာ
"လုပ်မနေနဲ့ပိုင်ဇေ... အိမ်ရှေ့ကအစောင့်နှစ်ယောက်ကို မြင်တာနဲ့ အခြေအနေကို ငါတို့သိတယ်!မင်းကွာ ငါတို့ကို ဆက်သွယ်ဖို့ကောင်းတယ်"

ကရုဏာဒေါသောနဲ့ ခွန်းသက ပြောတော့ မိမွန်ကမပြောပါနဲ့လို့ တံတောင်လှမ်းတွတ်သည်။
"ငါဖုန်းကျန်ခဲ့လို့ပါ!"

"ကိုသြရကော."

မိမွန်က မေးတော့ ပိုင်ဇေလည်း မနေ့ညက သူလာသွားတဲ့အကြောင်းကို အတိုချုပ်ရှင်းပြလိုက်သည်။

"နင်တို့ဟာက ဒီလောက်မြန်မြန်ဆန်ဆန်ဖြစ်သွားမယ်မှန်း ငါမသိလိုက်ဘူးဟာ..ဘာပြောရမှန်းတောင်မသိဘူး! ငါ့သင်္ဘောလေး ရွက်လွင့်တုန်းရှိသေး စောက်မုန်တိုင်းကဝင်ပြီ..ငါလခွမ်း"

"ဘာမှမပူပါနဲ့.. မင်း အဖေလည်း မင်းကိုဘယ်လောက်ချုပ်ထားနိုင်မှာလဲ?ခုတောင် ၁၁ လ ပိုင်းထဲဝင်နေပြီ!တလကုန်ရင်ကျောင်းတောင်ပြန်တက်ရတော့မှာ! အဲ့ကြ အဆင်ပြေသွားမှာပါ!"

My Boyfriend is a traffic policeWhere stories live. Discover now